ကလေးစာပေပွဲတော်(ရေကြည်)ဒုတိယနေ့ အားကစားပြိုင်ပွဲများ၌ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော်(ရေကြည်)ကို ဇန်နဝါရီ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် ကျင်းပလျက်ရှိရာ ယနေ့ကလေးစာပေပွဲတော် ဒုတိယနေ့နံနက်ပိုင်းက အ-ထ-က(၁) ရေကြည်ကျောင်းဝင်း အတွင်းရှိအားကစားပြိုင်ပွဲအစီအစဉ်များတွင် ပါဝင်ယှဉ်ပြိုင်သူ ကျောင်းသား/ကျောင်းသူများ၊ လာရောက်အားပေးသူများဖြင့် စည်ကားလျက်ရှိ
ဗိုလ်ချုပ်အောင်ဆန်း (၁၀၅)နှစ်မြောက် မွေးနေ့အကြို စာအုပ်ဈေးရောင်းပွဲတော် ဇီးကုန်းမြို့နယ်တွင် ပြုလုပ်
ဗိုလ်ချုပ်အောင်ဆန်း(၁၀၅)နှစ်မြောက်မွေးနေ့အကြို စာအုပ်ဈေးရောင်းပွဲတော်ကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည်ကားလမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်တုပန်းခြံ၌ ဇန်နဝါရီလ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ငါးရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ယင်းမာပင်ခရိုင်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းနှင့် လျာထားမဲရုံစာရင်းများ ပြုစုပြီးဖြစ်ဟုဆို
၂၀၂၀ ပြည့်နှစ်အတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင် ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ ပါဝင်ဆန္ဒမဲပေးနိုင်မည့် အခြေခံဆန္ဒမဲစာရင်းနှင့် ၎င်းအခြေခံဆန္ဒမဲစာရင်းအရ မဲရုံအရေအတွက်ကို လျာထားပြီးဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်သန့်ထံမှ သိရသည်။
အီတလီနိုင်ငံသားကမ္ဘာလည့်စက်ဘီးစီးအဖွဲ့ ပင်းတယမြို့မှပြန်လည်ထွက်ခွာ
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် ရောက်ရှိနေသည့် အီတလီနိုင်ငံ Veneto ဒေသ  Porto Viro မြို့မှ Mr. MAURO နှင့် ခရီးသည်လေးဦးပါ စက်ဘီးစီးအဖွဲ့သည် တစ်ညတာတည်းခိုရပ်နား၍ ပင်းတယမြို့၏ အထင်ကရနေရာများသို့ သွားရောက်လေ့လာ လည်ပတ်ခဲ့ကြပြီး ဇန်နဝါရီ ၂၅ ရက် နံနက်  ၉ နာရီအချိန်တွင် ညအိပ်တည်းခိုရာ Golden Cave Hotel ရှေ့တွင် အမှတ်တရ မှတ်တမ်းဓါတ်ပုံများကို ရိုက်ကူးကြပြီး မော်တော်ယာဉ်ဖြင့် ရွာငံမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေးဝသခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် အများအားဖြင့် သာယာ နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းသို့(ဒုတိယနေ့) တွင် လာရောက်လေ့လာကြည့်ရှုသူများဖြင့် စည်ကား
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော(ရေကြည်) ကလေးစာပေပွဲတော်စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်(ဒုတိယနေ့)ကို ယနေ့ နံနက် ၉ နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့ရာထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းသို့ လာရောက် လေ့လာသူများပြားလျက်ရှိကြောင်း သိရသည်။
လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဆင်းပွဲကျင်းပ
စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၉)စက်မှုလယ်ယာစခန်း ကျောင်းကုန်းမြို့နယ်ရုံးတွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ကျင်းပခဲ့သည်။