ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) သို့ တက်ရောက်အမှာစကား ပြောကြား

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သမ္မတရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) နှင့် တွေ့ဆုံ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဉက္ကဋ္ဌ ဉီးကျော်ကျော်မောင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးဆက်အောင်တို့သည် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (APG) မှ
မန္တလေးမြို့တွင် Paradiso ရုပ်ရှင်ရုံများ ဖွင့်လှစ်
Paradiso Cinema Complex ရုပ်ရှင်ရုံသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းနှင့် သိပ္ပံလမ်းထောင့်တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဒုတိယမြို့တော်ဝန် ဦးရဲမွန်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ၊ အနုပညာရှင်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တောင်ကြီးမြို့နယ်ရှိ စာဖြေဌာနများသို့ လိုက်လံကြည့်ရှုအားပေး
တောင်ကြီးမြို့တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား ကျောင်းသူများအား ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ကျောက်မဲမြို့တွင် လက်ဖက်သီးနှံ စံပြစိုက်ခင်း တောင်သူများအား သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်
လက်ဖက်သီးနှံ GAP (၁၀၀၀) ဧက စံပြစိုက်ခင်း တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ မှတ်တမ်းစာအုပ်နှင့် သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက ကျောက်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မကွေးမြို့ပေါ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် စာစစ်ဌာနများသို့ လိုက်လံကြည့်ရှု
မကွေးမြို့ရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် စာစစ်ဌာနများတွင် ကျောင်းသား ကျောင်းသူများ ဖြေဆိုနေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၄ ခုတွင် ဆင်ခြေထောက်ရောဂါကာကွယ်ဆေး တိုက်ကျွေးသွားမည်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်ခရိုင်၊ မြင်ခြံခရိုင်၊ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင် စသည့် ခရိုင် ၄ ခုတွင် ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးများကို မတ် ၂၇ ရက်မှ ဧပြီ ၆ ရက်အထိ ၁၀ ရက်ကြာ တိုက်ကျွေးမည်ကြောင်း သိရသည်။