အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် PPE ဝတ်စုံများ လာရောက်လှူဒါန်း

ရန်ကုန်မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် PPEဝတ်စုံများ လာရောက်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက လှူဒါန်းခဲ့သည်။
သနပ်ပင်မြို့နယ် ယာယီ ပျံကျဈေးရှိ ဈေးသည်များအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်လျက်ရှိ
ပဲခူးတိုင်းဒေကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါကြိတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ပြည်သူ့အာကစားကွင်းနေရာ၌ ယာယီဈေး ဖွင့်လှစ်ထားရှိပြီး အသိပညာပေးလုပ်ငန်းနှင့် ပျံကျဈေးသည်များအား နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်း၊ ကိုယ်အပူချိန်များတိုင်းတာခြင်းလုပ်ငန်းကို ဧပြီ ၂၃ ရက်နေ့ နံနက် ၈နာရီက  ဆောင်ရွက်ခဲ့ကြသည်။
အီဂျစ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၆၅၉ ဦး ရှိပြီး သေဆုံးသူ ၂၇၆ ဦးရှိလာ

တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၃၀၈၃ ဦးရှိ၊ စုစုပေါင်း ကူးစက်ခံရသူ ၉၈၆၇၄ ဦး ရှိလာ

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ရှစ်ဦးရှိ၊ စုစုပေါင်းကူးစက်ခံရသူ ၁၀၇၀၂ ဦးရှိလာ

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
၂၃-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:ဝ၀)နာရီအချိန်ထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၁၂၇)ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ (၅) ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၉) ဦးရှိ
ကမ္ဘာ့ကပ်ရောဂါကာလတွင် အာမခံလုပ်ငန်းများမှ အင်တိုက်အားတိုက် ပူးပေါင်းလှူဒါန်းပါဝင် 
ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုဗစ်-၁၉ ရောဂါမှာ မြန်မာနိုင်ငံတွင်လည်း သက်ရောက်လျက်ရှိရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် အာမခံလုပ်ငန်းများမှ အင်တိုက်အားတိုက်ဖြင့် ပူးပေါင်းပါဝင်လှူဒါန်းရာ၌ အာမခံလုပ်ငန်းများဖြစ်ကြသည့် KBZ MS General Insurance ကုမ္ပဏီနှင့် KBZ Life ကုမ္ပဏီတို့မှ ငွေကျပ်သိန်း ၁၀ဝ၀ ကျော် တန်ဖိုးရှိ အသက်ရှုစက်များ၊ PPE ဝတ်စုံများ၊ နှာခေါင်းစည်းများနှင့် မျက်မှန်များကို ယခုဧပြီလတွင် မြော က်ဥက္ကလာပ ဝေဘာဂီဆေးရုံ၊ ရန်ကုန်ဆေးရုံကြီး၊ ရန်ကုန်ဆေးရုံသစ်ကြီး၊ တောင်ဥက္ကလာပမိခင်နှင့် ကလေးဆေးရုံ၊သင်္ဃန်းကျွန်းစံပြ ဆေးရုံနှင့် အင်းစိန်ဆေးရုံတို့တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။