ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဆိုင်ကယ်ခိုးမှုကျူးလွန်သူ(၁)ဦးကို ဖမ်းဆီးရမိ
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၅ ရက်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ခိုး၊ဆိုး၊လု၊နှိုက်သတင်းများ စုံစမ်းဆောင်ရွက် နေစဉ် ဆိုင်ကယ်ခိုးမှုများကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ ဇော်မျိုးလတ်(ခ)ဘချစ်(ခ) ဘခက် နှင့် မဝင်းရတီဖြိုး(ခ)ဖြိုးလေး တို့(၂)ဦးကို (၉၇)ရပ်ကွက်၊ ဒဂုံသီရိလမ်းမပေါ်၌ CANDA CZI 125 အမျိုးအစား ဆိုင်ကယ်(၁)စီးနှင့်အတူ တွေ့ရှိစစ်ဆေးရာ အဆိုပါဆိုင်ကယ်အား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ၊ နေ့ရက်မမှတ်မိနေ့က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊(၉၃)ရပ်ကွက်၊ ပဲခူးမြစ်လမ်း၊ ကုလားဝဲတံတား အဆင်းလမ်းဘေးမှ ခိုးယူလာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဖမ်းဆီးခဲ့သည်။