နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့သည့်အတွက် အာဆင်နယ် အဆင့် (၄) နေရာတက်လှမ်းခွင့်နှင့် လွဲချော်
ပရီမီယာလိဂ် ပွဲစဉ် (၃၇) မှ နယူးကာဆယ်အသင်းနှင့် အာဆင်နယ်အသင်းတို့ပွဲစဉ်ကို မေ ၁၇ ရက် နံနက်ပိုင်းက စိန့်ဂျိမ်းစ်ပတ်ခ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ နယူးကာဆယ် အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ အာဆင်နယ်အသင်းသည် ယခုပွဲစဉ်ရှုံးနိမ့်မှုကြောင့် အဆင့် (၄) နေရာ တက်လှမ်းခွင့် နှင့် လွဲချော်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် လက်ကျန်ရတော့မည် ဖြစ်သည်။