သီတင်းကျွတ်လပြည့်နေ့သည် နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ တန်ခိုကြီးဘုရားများ၊ မြို့နယ်၊ ရပ်ကွက် အသီးသီးရှိ စေတီပုထိုးများနှင့် ဓမ္မာရုံများ၌ ပန်း၊ ရေချမ်း ဆီမီးကပ်လှူသူများ သီလခံယူဆောက်တည်ကာ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် မြို့လုံးအနှံ့ အထူးစည်ကားလျက်ရှိသည်။