ထားဝယ်မြို့နယ်၌ မိုင်း ၁ လုံးအား နင်းမိပေါက်ကွဲ၍ အမျိုးသား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရရှိ

နေပြည်တော်  ၂၄  ဇူလိုင်

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် မိုင်းနင်းမိပေါက်ကွဲ၍ အမျိုးသား ၁ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာရရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဆန်းချီရပ်ကွက်နေ ကျော်မွန်သက်(ခ)ကျော်မောင်(၃၂)နှစ်နှင့် ဘိုကလေး မြို့နယ်၊ စက်စမ်းကျေးရွာနေ စောနေစိုးတို့ ၂ ဦးသည် ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ထီးခီးကျေးရွာ၊ မယ့်သမီးခီးချောင်းအနီးသို့ ငှက်ပစ်ရန် သွားရောက်စဉ် ကျော်မွန်သက်(ခ)ကျော်မောင်မှ မိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့ရာ ကျော်မွန်သက်(ခ) ကျော်မောင်တွင် ဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး စောနေစိုးတွင် ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား