ထောင်မှလွတ်လာသူထံမှ မူးယစ်ဆေးဝါးများဖမ်းမိ

ကောလင်း ၅ ဩဂုတ်    


စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် အောင်မျိုးထွန်း ခေါင်းဆောင်သောအဖွဲ့ ခုနစ်စင်ကြယ်မူးယစ်ဆေးဝါးတားဆီးရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ယမန်နေ့ ည ၁၂ နာရီက သတင်းအရ အောင်သပြေရပ်ကွက်တွင် အိမ်ငှားနေသော ကောလင်းမြို့နယ်လာကာကျေးရွာနေ အောင်ကိုဝင်း ၂၉ နှစ်(ဘ) ဦးထိန်လင်းအား ဖမ်းဝရမ်းနှင့် အတူရှာဖွေရာ ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင် အမှုန့်များပါသည့် ပင်နယ်ဆလင် ၃ ပုလင်းခန့်ဆန့်သော ကော်ပုလင်း ၁ ပုလင်း ဆေးထိုးအပ် ၅ ချောင်းဖြင့် ဖမ်းဆီးရမိခဲ့သည်။ ဆက်လက်စစ်ဆေးမေးမြန်းရာ မြို့ပေါ်နေအိမ်များနှင့် ဈေးဆိုင်များမှ ခိုးယူခဲ့သော ဖုန်း ၅ လုံး ပါဝါဘန့် တစ်ခု ငွေ ၈ သောင်း ကျော်ထပ်မံပေါ်ပေါက်လာ၍ နယ်ထိန်းခေါင်းဆောင်မှ တရားလိုပြုလုပ်အမှုဖွင့် ထားကြောင်း မြို့နယ်ပြန်ဆက်မှ သိရသည်။


MDN