ထီးချိုင့်မြို့နယ်တွင် အမျိုးသမီးတစ်ဦး မိုးကြိုး ထိမှန်သေဆုံး

ထီးချိုင့် ၃၁ သြဂုတ်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ရွှေအင်ကြင်းကျေးရွာတွင် အမျိုးသမီးတစ်ဦး မိုးကြိုးထိမှန် သေဆုံသွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ သြဂုတ် ၃၀  ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ထီးချိုင့်မြို့နယ်၊ ကမ်းနီနယ်မြေ ရဲကင်းစခန်းမှူး ရဲအုပ်သိန်းဇော်ဦးစီးသောအဖွဲ့သည် အမျိုးသမီးတစ်ဦး မိုးကြိုးထိမှန်သဖြင့် သေဆုံသွားကြောင်း သတင်းအရ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ထီးချိုင့်မြို့နယ်၊ ရွှေအင်ကြင်းကျေးရွာနေ မညိုသန်းဆိုသူသည် ၎င်း၏နေအိမ်အောက်ထပ် မြေကြီးပေါ်တွင် ထိုင်နေစဉ် မိုးကြိုးထိမှန်သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။


ဖြစ်စဉ်နှင့် ပတ်သက်ပြီး ၎င်းသေဆုံးခြင်းအား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် ထီးချိုင့်မြို့မရဲစခန်း မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


လူအောင်(ကသာ)