ထီးချိုင့်မြို့နယ်တွင် ဆယ်တန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံး

 ထီးချိုင့် ၄  မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ကန်ပေါက်ကျေးရွာအနီးရှိ လယ်ယာမြေသုံး ရေမြောင်းအတွင်း၌ ဆယ်တန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မတ် ၃  မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ထီးချိုင့်မြို့နယ်၊ အလယ်တော နယ်မြေရဲကင်း စခန်းမှူး ဒုရဲအုပ်ရန်အောင်ဖြိုး ဦးစီးသော အဖွဲ့သည် လူတစ်ဦးရေနစ်သေဆုံး နေကြောင်းသတင်းအရ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ထီးချိုင့်မြို့နယ်၊ ကန်ပေါက် ကျေးရွာနေ ဆယ်တန်းကျောင်းသား ကိုငယ် ဆိုသူသည် အလျား ၁၃၂၀ ပေ၊ အနံ ပေ ၇၀ ၊ အနက် ၇ ပေခန့်ရှိ လယ်ယာသုံး ရေမြောင်းအတွင်း၌ တစ်ရွာတည်းနေ သူငယ်ချင်းများနှင့်အတူ ရေဆင်းချိုးရာမှ ရေနစ်သေဆုံးသွားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အလယ်တော နယ်မြေရဲကင်းစခန်းမှ သေမှုသေခင်း ရေးဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

 

လူအောင်(ကသာ)