ထီးလင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုဖြစ်ပွား

ထီးလင်း ၇ မေ

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ပုဏ္ဏားကျေးရွာတွင် ယမန်နေ့ညနေ ၅ နာရီဝန်းကျင်က မိုးသက်လေပြင်းများတိုက်ခတ်မှုကြောင့် ဘုရားထီးတော် တိမ်းစောင်းသွားခြင်း၊ ဓမ္မာရုံအမိုးလန်မှုများ ဖြစ်ပွားခြင်းတို့ကြောင့် မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

မာမာမြင့် (ထီးလင်းပြန်/ဆက်)

 

mdn