ထီးလင်း၌ အပြင်ထွက်ပြီး နှာခေါင်းစည်း(Mask)မတပ်ဆင်သူများအား အရေးယူ

ထီးလင်း ၁၉ ဇူလိုင်      

 

ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် ကူးစက်ပျံ့ပွားမှု မရှိစေရေးတို့အတွက် ယနေ့နံနက် နာရီခွဲတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြို့မလမ်းဆုံ နေရာ၌ အပြင်ထွက်ပြီး နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသူများအား အခုဝယ် အခုတပ် စနစ်ဖြင့်  အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယင်းသို့ အရေးယူဆောင်ရွက်လျက်ရှိရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က ထီးလင်းမြို့၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် အပြင်ထွက်ပြီး နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်းမရှိဘဲ သွားလာသူများအား နှာခေါင်းစည်း(Mask) တစ်ခုလျှင်  ၁၀၀၀ ကျပ်ဖြင့် ရောင်းချ ဝယ်ယူစေကာ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

အောင်စည်(ပြန်/ဆက်)