ထိုင်း အကျဉ်းထောင်မှ လွတ်ရက်ထက် စောလွှတ်ပေးလိုက်တဲ့ Serial Killer ကို ပြန်ရှာဖွေနေရ

၁၇ ဒီဇင်ဘာ

ထိုင်းနိုင်ငံရှိ အကျဉ်းထောင်တစ်ခုမှ လွတ်ရက်ထက် စောပြီးလွှတ်ပေးလိုက်တဲ့ လူအများကြီးကို သတ်ဖြတ်နေသူ Serial Killer ဟာ လူသတ်မှုတစ်ခုနဲ့ ဆက်နွယ်နေတဲ့အတွက်  ပြန်လည်ရှာဖွေနေရကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့ ပြောပါတယ်။

ဆွန်ကစ် ပန့်ပေါင်း ဟာ ၂၀ဝ၅ ခုနှစ်က ညဉ့်ငှက်လုပ်ငန်းခွင်အတွင်းမှာ ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်ရတဲ့ အမျိုးသမီးငါးဦးကို သတ်ဖြတ်ခဲ့တဲ့အတွက် ထောင်ဒဏ် တစ်သက် ကျခံခဲ့ပါတယ်။

အသက် ၅၅ နှစ်အရွယ် ပန့်ပေါင်းဟာ ထောင်တွင်းမှာ အင်မတန်ကောင်းမွန်စွာ နေထိုင်တဲ့အတွက် လွှတ်ရက်ထက်စောကာ ပြီးခဲ့တဲ့မေလက လွှတ်ပေးခဲ့ပါတယ်။ ခုနှစ်လကြာပြီးနောက် နိုင်ငံအရှေ့မြောက်ပိုင်းက အသက် ၅၁ နှစ်အရွယ် ဟိုတယ် အလုပ်သမားအမျိုးသမီးကို သတ်ဖြတ်မှုနဲ့ ဆက်စပ်တယ်ဆိုပြီး ထိုင်းရဲတွေက လိုက်လံရှာဖွေနေတာ ဖြစ်ပါတယ်။

ပန့်ပေါင်းရဲ့သတင်း ပေးနိုင်သူကို ထိုင်းဘတ်ငွေ ၅၀,ဝ၀ဝ (အမေရိကန်ဒေါ်လာ ၁,၆၅၀) ဆုငွေပေးမယ်လို့ ကြေညာထားပါတယ်။

ထိုင်းနိုင်ငံရဲ့ အကျဉ်းထောင်တွေဟာ လက်ခံနိုင်တဲ့ဦးရေထက် သုံးဆနီးပါးများနေပြီး ကမ္ဘာမှာ လူဦးရေအများဆုံး အကျဉ်းထောင်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။  ၈၀ ရာခိုင်နှုန်းနီးပါးသော အကျဉ်းသားများဟာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်နေသူဖြစ်ပါတယ်။

MDN

ကိုးကား - AFP