ထိုင်းနိုင်ငံ Kasikorn Bank (K Bank) မှ မြန်မာနိုင်ငံ ဧရာ၀တီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ် (A Bank) သို့ ရင်းနှီးမြှုပ်နှံမှု ပေါင်းစပ်ထည့်ဝင်ခြင်း အဆိုပြုလွှာပေးအပ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ

 

ထိုင်းနိုင်ငံ Kasikorn Bank (K Bank) မှ မြန်မာနိုင်ငံ ဧရာ၀တီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ် (A Bank) သို့ ရင်းနှီးမြှုပ်နှံမှု ပေါင်းစပ်ထည့်ဝင်ခြင်း အဆိုပြုလွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဇဗ္ဗူသီရိခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဥက္ကဋ္ဌများနှင့် ညွှန်ကြားရေးမှူးချုပ်များ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စစ်ဆူဖတ်ထရာ ဆရီမိုင်းသရီဖိတပ်၊ ထိုင်းဗဟိုဘဏ်မှ Assistant Governor Mrs.Nawaron Dejusuvan A Bank နှင့် K Bank တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်အတွက် နှစ်နိုင်ငံဘဏ်လုပ်ငန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ၊ ဧရာ၀တီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ် (A Bank) အနေဖြင့် ထိုင်းနိုင်ငံအခြေစိုက် Kasikorn Bank (K Bank) ထံမှ အကျိုးတူ ရင်းနှီးမြှုပ်နှံမှု (Equity Participation) လက်ခံဆောင်ရွက်နိုင်ရန်အတွက် A Bank နှင့် K Bank တို့မှ လက်ရှိဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ရင်းနှီးမြှုပ်နှံမှု ပေါင်းစပ်ထည့်ဝင်ခြင်း အဆိုပြုလွှာများကို ဗဟိုဘဏ်သို့ လျှောက်ထားတင်ပြခဲ့ကြသည်။

 

သတင်းစဉ်