ထိုင်းနိုင်ငံမှာခွေးနဲ့ကြောင်(အရှင်) တစ်ဒါဇင်ကျော်ကို အိတ်ထဲထည့် အပိတ်ချည်ပြီး လွှင့်ပစ်ထား

၃၀ မေ

ထိုင်းနိုင်ငံတောင်ပိုင်း မောင်ဝ် ဒေသမှာ ခွေးအရှင် ၁၂ ကောင် နဲ့ ကြောင်အရှင် ၂ ကောင်ကို ဓာတ်မြေသြဇာ အိတ်ထဲမှာ ပိတ်ချည်နှောင်ပြီး ရပ်ထားတဲ့ ကားပေါ်မှာ လွှင့်ပစ်ထားပါတယ်။

ရက်အတော်ကြာ ရပ်ထားထဲ့ ကုန်ကား နောက်ပေါ်မှာ အဲဒီခွေးတွေ ကြောင်တွေထည့်ထားတဲ့ အိတ် ၁၀ လုံးကို တွေ့ရကြောင်း ဒေသဆိုင်ရာ ရဲအရာရှိက ပြောပါတယ်။ အဲဒီအိတ်တွေ ဖွင့်လိုက်တဲ့အခါ ခွေးတွေကြောင်တွေဟာ မွန်းကျပ်ဒဏ်ကို ခံစားနေရပြီး အင်အားပျက်လပ်နေပုံရကြောင်း ဆက်ပြောပါတယ်။

အခုကယ်ဆယ်ထားခံရတဲ့ ခွေးတွေ ကြောင်တွေကို လာကြည့်တဲ့ လူတွေက ရေ၊ နွားနို့ နဲ့ အစားအစာတွေ ယူခဲ့ကြတာကို တွေ့ရပါတယ်။

ဒီ တိရိစ္ဆာန်တွေ စတွေ့တဲ့ သူကတော့ အသက် ၂၂ နှစ်အရွယ် ပသီပန်ဖြစ်ပြီး ခွေးတွေကြောင်တွေ လွှင့်ပစ်ထားတဲ့ အနီးနားရှိ သူငယ်ချင်း တစ်ယောက်အိမ်ကို လာလည်ရာကနေ ခွေးသံ ကြောင်သံ တွေ ကြားသည့်အတွက် ရဲတပ်ဖွဲ့ကို ဖုန်းဆက် အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

အခုတော့ စုံစမ်းစစ်ရေးတွေ စတင်လုပ်ဆောင်နေပါပြီ။  အဲဒီအနီးအနားရှိ လုံခြုံရေး ကင်မရာတွေ စစ်ဆေးပြီး အခုလိုမျိုး ခွေးတွေ ကြောင်တွေကို လွှင့်ပစ်ခဲ့တဲ့သူတွေကို တိရိစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။

MDN

ကိုးကား- Bangkok Post.