ထိုင်ဝမ်တွင် မျက်နှာဖုံး(Mask)ရောင်းချသည့်စက်များ တပ်ဆင်ပေးထား

၁၅ ဧပြီ

 

ထိုင်ဝမ်မှာ မျက်နှာဖုံး(Mask)ဝယ်ယူရာတွင် ဆေးဆိုင်များတွင် တန်းစီဝယ်ယူရန် မလိုအောင် ဒီသီတင်းပတ်အတွင်း မျက်နှာဖုံး ဝယ်ယူနိုင်တဲ့စက်ကို တပ်ဆင်ပေးလိုက်ပါတယ်။

 

ထိုင်ဝမ်သားတွေက သီတင်းနှစ်ပတ်ကို ဆေးရုံသုံးမျက်နှာဖုံး(Mask)ကိုးခု ဝယ်ခွင့်ရရှိကြပါတယ်။ အများနှင့် သက်ဆိုင်သည့် အဆောင်အအုံအတွင်း၊ မြူနီစီပယ် အဆောက်အအုံများအတွင်းနဲ့ အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်ပေါ်တွင် မျက်နှာဖုံး(Mask)မတပ်ရင် မရကြောင်း သိရပါတယ်။

 

တိုင်ပေမှာနေထိုင်သူ ဗီရာက “ဒီကို အစောကြီးလာစရာမလိုဘူး စောင့်ရတယ်ဆိုရင်တောင် ၁၀ မိနစ်ထက် မကြာဘူး။ အရမ်းမြန်တယ်လို့ထင်တယ်။ လူလုပ်အားကို လျှော့ချတာဖြစ်တယ်။ ဒီစက်တွေကို နေရာအနှံ့မှာသာ ရှိခဲ့မယ်ဆိုရင် ပိုအဆင်ပြေမယ်”လို့ ပြောပါတယ်။

 

အခုစီမံကိန်းရဲ့ ကနဦးအဆင့်အနေနဲ့ မျက်နှာဖုံး(Mask)ရောင်းစက်သုံးခုကို တပ်ဆင်တာဖြစ်ပြီး အနာဂတ်မှာ ဒီထက်များတဲ့စက်တွေ ထပ်ဆင်မယ်လို့ မျှော်လင့်ရပါတယ်။

 

MDN

AFP