ထန်ပါခွေမြို့၌  ဖီရိုမုန်း ထောင်ချောက်များတွင် တတိယအကြိမ်မြောက် အချက်အလက်ကောက် ယူရာ ဖောငမြှောင်‌တောင် (ဖလံ) မတွေ့ရှိ

ထန်ပါခွေ  ၂၉  ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ရှိ အစေ့ထုတ်ပြောင်းစိုက်ခင်းများ၌ ယနေ့ နံနက် ၈ နာရီက စိုက်ပျိုးရေးဦးစီးဌာနမှ တတိယအကြိမ်မြောက် အချက်အလက်များ ကောက်ယူရာ   ဖီရိုမုန်း ထောင်ချောက်များတွင်  ဖောငမြှောင်တောင်ကျရောက်မှုမရှိသေးကြောင်း သိရသည်။

 

‌ထိုသို့ စစ်ဆေးရာ ထန်ပါ‌ခွေမြို့နှင့် ခန္တီးမြို့နယ်ကြား နန်စလိန်ချောင်းအနီးရှိ ဒေသခံတောင်သူများ၏ အစေ့ထုတ်ပြောင်း သီးနှံစိုက်ခင်းများတွင် ဖောငမြှောင်တောင်(ဖလံ) မတွေ့ရှိရကြောင်း၊ ဖလံ(၁၄)ကောင်၊ ယင်ကောင်(၅)ကောင်နှင့် ဥမှင်ရှည်နှံကောင် (၂)ကောင်သာတွေ့ရှိရကြောင်း၊ (၇)ရက်တစ်ကြိမ် အချက်အလက်(Data) ကောက်ယူခြင်းဖြစ်ကြောင်း၊ ယနေ့အချိန်အထိ တတိယအကြိမ် ကင်းထောက်မှတ်တမ်း ကောက်ယူရာတွင် (ကန္တာရကျိုင်းကောင်) မတွေ့ရှိရသေး ကြောင်း၊  ထန်ပါခွေမြို့တွင် အစေ့ထုတ်ပြောင်း စိုက်ဧကသည် ယနေ့အထိ (၁၅၈၅) ဧကရှိကြောင်း ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးဝေမင်းဦးက ပြောသည်။

 

ဟန်ထွန်း(အင်းဝ)