ထန်းတပင်မြို့ နဲသမိန်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

ထန်းတပင် ၂၇ မတ် 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ နဲသမိန်ကျေးရွာအုပ်စု၊ နဲသမိန်ကျေးရွာ၊ အမှတ် (၂)ရပ်ကွက်ရှိ ဦးမျိုးမင်းဦး၏ ကုန်စုံဆိုင်တွင် မတ်  ၂၆ ရက်၊ နံနက် ၉ နာရီ၊ မိနစ် ၄၀ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ထန်းတပင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၆)ဦး စုစုပေါင်း(၂၄)ဦးတို့က ကျေးရွာနေပြည်သူများနှင့်အတူ စုပေါင်းမီးငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ အင်းစိန်မြို့နယ်၊ မှော်ဘီမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့မှ မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ကွပ်ကဲမှုယာဉ်(၃)စီး၊ အပေါ့စားစက်(၇)လုံးနှင့် ရေဂါလံ စုစုပေါင်း တစ်သောင်းခန့်သုံးစွဲခဲ့ပြီး သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် (၉၈)ဦးနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးတို့ လာရောက်၍ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

‌ေ

 

မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်မြောက်ပိုင်းခရိုင်မီးသတ်ဦးစီးမှူးဦးမြင့်ဦး ဦးဆောင်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မြင့်လွင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ စစ်ဆေးဆောင်ရွက်ခဲ့ကြရာ လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူ(၇)ဦး (မစိုးရိမ်ရ) ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။    

 

‌ေ


            
ဇင်မင်းထိုက်(ထန်းတပင်)