ထန်းတပင်မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအား သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီးမှသာ ဖွင့်လှစ်နိုင်ရန် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ထန်းတပင် ၂၉ ဧပြီ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ပြီးမှသာ ဖွင့်လှစ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ စက်ရုံ နှစ်ရုံကို ဧပြီ  ၂၉ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီး () လွှတ်တော်ကိုယ်စားလှယ် ဦးအောင် ဘုန်းကျော်စံဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ ဆေးသုတေသန ဦးစီးဌာန ဆေးသုတေသန အရာရှိ ဒေါ်တင်တင်ထွေးနှင့် ဆေးသုတေသန ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်တာဝန်ရှိသူများ၊ အလုပ်သမား ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းထွန်းအောင်တို့က ထန်းတပင်မြို့နယ်အတွင်း အမှတ် () ရပ်ကွက်ရှိ ထန်းတပင်-မြန်မာ အထည်ချုပ်စက်ရုံနှင့် ရန်ကုန်-ပုသိမ်လမ်းမကြီး အစုကြီးကျေးရွာ အုပ်စုရှိ Myanmar Sinyoung Fashion Clothes Co.,Ltd  အထည်ချုပ်စက်ရုံတို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စက်ရုံ၊ အလုပ်ရုံများ လုပ်ငန်းခွင်များတွင် ဆောင်ရွက်ထားရှိရမည့် အချက်များအား သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားမှု ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 

mdn

 

ထန်းတပင်မြို့နယ် နယ်နမိတ်ဧရိယာအတွင်း စက်မှုဇုန်ပြင်ပ စက်ရုံပေါင်း () ရုံသာရှိပြီး အမှတ် () ရပ်ကွက်တွင် ထန်းတပင်-မြန်မာ အထည်ချုပ်စက်ရုံ၊ အစုကြီးကျေးရွာအုပ်စုတွင် Myanmar Sinyoung Fashion Clothes Co,Ltd အထည်ချုပ်စက်ရုံ၊ တံတားဦးကျေးရွာအုပ်စုတွင် Ming Shan Shose ဖိနပ်စက်ရုံ နှင့် ရခိုင်ရိုးကြီးကျေးရွာအုပ်စုတွင် APPRAL Grament အထည်ချုပ်စက်ရုံတို့ရှိကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)