ထန်းတပင်မြို့နယ်၌ တောင်သူ ၁၅၀ အား ဆင်းသုခနှင့်ဧရာမင်း မျိုးကောင်းမျိုးသန့် စပါးမျိုးများ အား ဖြန့်ဝေပေးသွားမည်

ထန်းတပင်   ၉   မေ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၀-၂၀၂၁ခုနှစ် မိုးစပါးသီးနှံများကို တောင်သူ များစိုက်ပျိုးရာတွင် အရည်အသွေးကောင်းမွန်သည့် သီးနှံများအထွက်တိုးရေး၊ သီးနှံဝင်ငွေတိုးပွား လာစေရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက်  မှော်ဘီဗဟိုခြံ မှ ရရှိလာသည့် မှတ်ပုံတင် မျိုးကောင်းမျိုးသန့်ဖြစ်သည့် ဆင်းသုခ(၄၉၈)တင်းနှင့်ဧရာမင်း(၂၂၅)တင်း စပါးမျိုးစေ့များကို ကျေးရွာအုပ်စု (၁၆)အုပ်စုရှိ တောင်သူ(၁၅၀)တို့လက်ဝယ်အရောက် ဖြန့်ဝေဆောင် ရွက်ပေးသွား မည်ဖြစ်ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

 

4057

 

 “ဒီလိုမျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးခြင်းဖြင့် တစ်ဧကသီးနှံအထွက်နှုန်းတွေ ပိုမိုတိုးတက်လာ တယ်၊ ပြီးတော့အရည်အသွေးကောင်းမွန်တဲ့သီးနှံတွေရရှိလာမယ်၊ သီးနှံတွေရဲဈေးကွက်တွေကောင်း လာ တယ်၊ ဈေးကောင်းရလာတယ်ပေါ့နော်၊  နောက်ပြီးလယ်သမားတစ်ဦးချင်းရဲ့ ဝင်ငွေတွေတိုးတက် လာပြီး လူမှုစီးပွားဘဝတွေဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ် ဒါကြောင့်မို့လည်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနအနေနဲ့ နှစ်စဉ် မျိုးကောင်းမျိုးသန့်မျိုးစေ့တွေကို တောင်သူတွေရဲ့ လက်ဝယ်အရောက် မိုးစပါး၊ နွေစပါး၊ ဆောင်းသီးနှံ တွေကို အချိန်နှင့်တစ်ပြေးညီဖြန့်ဖြူးပေးလျက်ရှိပါတယ်ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွေးအောင်က ရှင်းပြသည်။

 

07852

 

တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းများကို သိပ္ပံနည်းကျ စနစ်တကျစိုက်ပျိုးနိုင်ဖို့ အတွက် မျိုးကောင်းမျိုးသန့် စိုက်ပျိုးနည်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပိုးမွှားရောဂါကာကွယ်ရေး လုပ်ငန်း များကို စဉ်ဆက်မပြတ်အသိပညာပေးလျက်ရှိသလို စံပြကွက်၊ စမ်းသပ်ကွက်များ စိုက်ပျိုး ပြသကာ အား နည်းချက်၊ အားသာချက်များအား ရှင်းလင်းဆွေးနွေးလျက်ရှိပြီး စိုက်ပျိုးသည့် သီးနှံများကိုလည်း GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက်နဲ့ရရှိနိုင်ဖို့အတွက်လည်း သီးနှံစိုက်တောင်သူများ နှင့်စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများတွေ့ဆုံကာ GAP နည်းစနစ်အကြောင်းကို အသိပညာပေးဆွေးနွေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

349

 

ထို့အပြင် ထန်းတပင်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ခုနှစ် မိုးစပါးသီးနှံကို (၉၁၀၅၂) ဧက စိုက်ပျိုးရာတွင် တစ်ဧကပျမ်းမျှ အထွက်နှုန်း (၆၇.၈၃)တင်းနှုန်း ထွက်ရှိခဲ့ပြီး ယခင်နှစ်ထက်တစ်ဧက အထွက်နှုန်း (ဝ.၆၈)ပိုမိုထွက်ရှိခဲ့သလို နွေစပါးအနေဖြင့်(၃၆၇၆၀)ဧက စိုက်ပျိုးရာတစ်ဧကပျမ်းမျှ အထွက်နှုန်း (၉၁.၆၃) တင်းနှုန်းထွက်ရှိကာ ယခင်နှစ်ထက်(ဝ.၃၈)တင်းနှုန်းထွက်ရှိခဲ့သည်။ ဆောင်းသီး နှံအနေဖြင့် (၈၂၈၇) ဧကစိုက်ပျိုးကာ တစ်ဧက ပျမ်းမျှအထွက်နှုန်းအနေဖြင့်(၁၃.၁၇)တင်းနှင့် ဆီထွက်သီးနှံ မြေပဲကို (၅၅၈)ဧက စိုက်ပျိုးခဲ့ရာ တစ်ဧကအထွက်နှုန်း(၅၂.၁၀)တင်းနှုန်းထွက်ရှိခဲ့ပြီး ယခင်နှစ်ထက် အထွက်နှုန်းများ တိုးလာကြောင်း သိရသည်။                                                                                  

 

ဇင်မင်းထိုက်(ထန်းတပင်)

 

21000