ထန်းတပင်မြို့နယ်ရှိ ကျေးရွာ(၅)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်ရန် ရန်ပုံငွေသိန်း (၁၀၀)စီ လွှဲပြောင်းပေးအပ်

ထန်းတပင်(ပဲခူး)၊ ဒီဇင်ဘာ ၇

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းကို ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်က ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေး အစီအစဉ်များ၊ စီမံကိန်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများဖြင့် ဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားကာ ကျေးရွာ(၁)ရွာလျှင် စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)စီဖြင့် ကျေးရွာ(၅)ရွာအား လွှဲပြောင်းပေးအပ်ခဲ့သည်။

 

အခမ်းအနားသို့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်စီမံကိန်း (VDP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ပုန်းရည်အင်းကျေးရွာ၊ သမ္မစိတ္တကျေးရွာ၊ မဲဘလန်ကျေးရွာ၊ သူဌေးကုန်းကျေးရွာ၊ ဘွဲ့တိုင်းကျေးရွာ စုစုပေါင်း ကျေးရွာ (၅)ရွာတို့မှ အုပ်ချုပ်ရေးမှူးများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့သည်။

 

မြို့နယ်(ပြန်/ဆက်)