ထွန်ယက်စိုက်ပျိုးမရသောယာမြေ(၂၀)ဧကကျော်အားပြန်လည်စိုက်ပျိုးနိုင်ရန် လိုအပ်သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်တွင် ရန်ပုံငွေ တင်ပြတောင်းခံဆောင်ရွက်သွားမည်

မကွေး ၂  သြဂုတ် 

မကွေးတိုင်းဒသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ကျောက်တံခါးဆည် တည်ဆောက်စဉ်က မြေသားများ ထုတ်ယူ သုံးစွဲခဲ့မှုကြောင့် ထွန်ယက်စိုက်ပျိုးမရသောယာမြေ (၂၀)ဧကကျော်အား ပြန်လည်စိုက်ပျိုးနိုင်ရန် လိုအပ်သော ရန်ပုံငွေအား၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင်တင်ပြတောင်းခံပြီးဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

သြဂုတ်လ၁ရက်နေ့က ကျင်းပသော မကွေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် နတ်မောက် မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးသောင်းရွှေက နတ်မောက်မြို့နယ်အတွင်းရှိ် ကျောက်တံခါးဆည် တည်ဆောက် စဉ်က မြေသားများ ထုတ်ယူသုံးစွဲခဲ့မှုကြောင့် ထွန်ယက်စိုက်ပျိုးမရသော ယာမြေဧက(၂၀) ကျော်အား ပြန်လည်စ စိုက်ပျိုးနိုင်ရန် တိုင်းဒေသကြီးအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိ သိရှိလို ကြောင်းနှင့်စပ်လျဉ်းသည့် မေးခွန်းမေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးမှ ပြန်လည်ဖြေကြား ရာတွင် နတ်မောက်မြို့နယ်၊ ကျောက်တံခါးကျေးရွာ(နတ်မောက်ကွင်း)အတွင်းရှိ ယာမြေဧက (၂၀)ကျော်အား ပြန်လည်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးနိုင်ရန်အတွက် နတ်မောက်မြို့နယ် ဆည်မြောင်းနှင့်ရေ အသုံးချရေး ဦးစီး ဌာန၊ ဦးစီးအရာရှိမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း၊ယာမြေများမှာ(၂၂.၄၂)ဧကရှိပြီး တစ်ဆက်တည်းမရှိဘဲ တစ်နေရာ နှင့်တစ်နေရာအကြား(၅၀ဝ)ပေမှ ပေ (၁၀ ဝဝ) အထိ ကွာဝေးလျက်ရှိပြီး (၅)နေရာခန့် ကွဲပြားလျက်ရှိပါကြောင်း၊ တမံမြေငှားယူစဉ်က တူးယူထားသည် မှာ အနက်ပေ(၃)ပေ၊ (၄)ပေခန့်ရှိကြောင်းတွေ့ရှိရပြီး ၄င်းလယ်ယာမြေများမှာ အမှန်တကယ် ပြုပြင်ရန်လိုအပ်နေ သည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊သို့ပါ၍ ၄င်းလယ်ယာမြေများအား ပြန်လည်စိုက်ပျိုးနိုင်အောင်ပြုပြင်ရန် အတွက် လိုအပ်သောရန်ပုံငွေအား၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံပြီး ဆောင်ရွက်သွားမည်ဖြစ် ကြောင်းပြန်လည်ဖြေကြားခဲ့ပါသည်။

အိမွန်ဆွေ(ရေစကြို)