ထပ်ဆင့်အကယ်ဒမီများရှင် စင်ရော်မောင်မောင် ထာဝရအမေဇာတ်ကားဖြင့် အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆု ရရှိ

ရန်ကုန်  ၂၃  မတ်

 


၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင်  ၂၀၁၇ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကားပေါင်း ၅၃ ကားအနက် ရုပ်ရှင်အတတ်ပညာဆု တစ်ဆုဖြစ်သည့် အကောင်းဆုံးရုပ်ရှင် ဒါရိုက်တာဆုကို ထပ်ဆင့်အကယ်ဒမီများရှင် စင်ရော်မောင်မောင်က ထာဝရအမေ ဇာတ်ကားဖြင့်  ဆွတ်ခူးရရှိခဲ့သည်။ 

 


အဆိုပါဆုကို ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒါရိုက်တာဦးဝင်းဖေက ဖွင့်ဖောက်ကြေညာကာ အကယ်ဒမီ ရွှေစင်ဆုပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ဒါရိုက်တာ အကယ်ဒမီစင်ရော်မောင်မောင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ သည်။

 


အဆိုပါအခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park တွင် ကျင်းပလျက်ရှိသည်။

 


MDN