တာချီလိတ်၊ ပင်လောင်းနှင့် ညောင်ရွှေမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၂၃ ဧက ဖျက်ဆီး

နေပြည်တော်  ၄  မတ်

 

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၃ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်မှ နံနက် ၁၁ နာရီအချိန်ထိ တာချီလိတ်မြို့နယ်၊ ဟွေလေကျေးရွာအနီး၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၁ ဧကခန့်အား ဖျက်ဆီးခဲ့သည်။

 

အလားတူ ပင်လောင်းမြို့နယ်၊ ရေခေါက်ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခွဲခန့် အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၁၆ ဧကခန့်၊ ညောင်ရွှေမြို့နယ်၊ နန်းဟူးကြီးကျေးရွာ၏ အနောက် တောင်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၆ ဧကခန့်တို့အား အသီးသီးဖျက်ဆီးခဲ့ကြောင်း ရဲပြန်ကြားမှ  သတင်းရရှိသည်။

 

သတင်းစဉ်