တာချီလိတ်၌ အခြေခံ ရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲ ကျင်းပ

တာချီလိတ် ၇  မတ်

 

တာချီလိတ်ခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် တာချီလိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲတို့မှ ပူးပေါင်းဖွင့်လှစ်သော အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို မတ် ၇ ရက် နံနက် ၉ နာရီက ဟက်ပီးစားသောက်ဆိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

mdn

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောမှ အမှာစကား ပြောကြားပြီး ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်မှ သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြများ၊ ကြီးကြပ်သူ ဆရာ၊ ဆရာမများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

mdn

 

ထို့နောက် သင်တန်းသား၊ သင်တန်းသူများမှ ရှေးဦးပြုစုခြင်းကို သရုပ်ပြသခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများကို  သင်တန်းဆင်းလက်မှတ်များ ချီးမြင့်ခဲ့ကြသည်။

 

အခြေခံရှေးဦးပြုစုခြင်း သင်တန်းကို အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ပုန်းထွန်တွင် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၄၈ ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

ယာဆေး(ပြန်/ဆက်)