တာချီလိတ်၌ လာအိုနိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၀၂)ဦးအား ဓာတ်ခွဲနမူနာများ ရယူစစ်ဆေး

တာချီလိတ် စက်တင်ဘာ ၁၅

 

ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် လာအိုနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူ(၂၀၂)ဉီးအား နှာခေါင်းနှင့် အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးခြင်းကို  ယမန်နေ့ က  အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာ၌ ပြုလုပ်ခဲ့သည်။

 

အဆိုပါ မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများ၏ ဓာတ်ခွဲနမူနာ(Swab) များအား တာချီလိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရယူဆောင်ရွက်ခဲ့ပြီး ၎င်းတို့၏ ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ သိရှိနိုင်ရန်အတွက် တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ ပို့ဆောင်၍ စစ်ဆေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

၎င်းနေရပ်ပြန်ပြည်သူများသည် လာအိုနိုင်ငံမှ  စက်တင်ဘာလ(၁၁)ရက်နေ့က တာချီလိတ်မြို့၊ ဝမ်ပုံဆိပ်ကမ်းမှ တစ်ဆင့် ပြန်လည်ဝင်ရောက်လာခဲ့သူများဖြစ်ကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် ပထမအကြိမ်စစ်ဆေးခဲ့ပြီး ယခုတွင် ဒုတိယအကြိမ်အဖြစ် ဓာတ်ခွဲနမူနာ (Swab)များ ရယူ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)