တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ထိုင်းနိုင်ငံသားများ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်တို့ဖြင့် မြန်မာနိုင်ငံပြည်တွင်းသို့ ဝင်ရောက်လည်ပတ်

တာချီလိတ် ၁၇ မတ်  

 

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်ဖြင့် ဆောင်ရွက်နေသည့် Myanmar Mystery Land Travels &Tours Co.Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့်  ထိုင်းနိုင်ငံသား ဧည့်သည် POLLT.COL. WICHIAN Chaisupap  ပါဝင်သော ၃၃ ဦးတို့သည် ၎င်းတို့၏ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်           ၃၀စီးဖြင့်  တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ယနေ့ မတ် ၁၇ ရက် နံနက် ၈ နာရီခန့်က မြန်မာနိုင်ငံသို့ ဝင်ရောက်လာကြောင်း သိရသည်။

 

 

 

 

 

ထိုသို့ ထိုင်းနိုင်ငံမှ ခရီးသွားဧည့်သည်များ မော်တော်ဆိုင်ကယ်များဖြင့် ဝင်ရောက်လာရာတွင်  ကုမ္ပဏီ ဧည့် လမ်းညွှန် ဒေါ်စကားဝါစိုးနှင့် ဒေါ်နန်းဇင်မျိုးအောင် တို့လိုက်ပါပြီး  ယနေ့ နံနက် ၈ နာရီခွဲက တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ်(၁)မှ စတင်၍ တာချီလိတ်-နမ့်စန်-တောင်ကြီး-အင်းလေး - မန္တလေး-ပုဂံ-နေပြည်တော်-ရန်ကုန်-ကျိုက်ထီးရိုး-မြဝတီမြို့များသို့  သွားရောက်လည်ပတ်မည်ဖြစ်သည်။

 

 

 

 

အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံတွင်းရှိ စေတီပုထိုးများ၊ ရေမြေတောတောင် သဘာဝအလှရှုခင်းများ၊ ယဉ်ကျေးမှု အမွေအနှစ်များနှင့် ထင်ရှားကျော်ကြားသည့် နေရာများသို့ အပန်းဖြေသွားရောက်လေ့လာ လည်ပတ်ပြီး၊ ၂၀၁၈ခုနှစ် မတ် ၂၅ ရက်နေ့တွင် မြဝတီနယ်စပ် ဝင်ပေါက်မှတစ်ဆင့်  ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာ သွားမည် ဖြစ်ကြောင်းသိရှိရသည်။

 

ဝေယံလင်း(ပြန်/ဆက်)