တာလီဘန်တို့၏ တိုက်ခိုက်မှုများကြောင့် ၁၄ ဦးသေ၊ ၅၀ ကျော် ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်တွင် ကြာသပတေးနေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ တာလီဘန်များ၏ ၄င်းတို့၏ တိုက်ခိုက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။


အမေရိကန်နှင့် အခြားသံရုံးများရှိရာ အစိမ်းရောင်ဇုန်အဖြစ် လူသိများသည့် မြို့တော်၏ သံတမန်ဇုန်အတွင်း ကြာသပတေးနေ့ နံနက်ပိုင်းက ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ 

 

အဆိုပါ ပေါက်ကွဲမှုအတွင်း အရပ်သား ၁၀ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၄၀ကျော် ဒဏ်ရာရရှိခဲ့သည်ဟု အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။ 

 

သုံးနာရီအကြာတွင် ကဘူးလ်မြို့အနီး လော့ဂါပြည်နယ်တွင် ကားတစ်စီးသည် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူပေါင်း လေးဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

 

၄င်းတို့သည် နိုင်ငံခြားသားများနှင့် နိုင်ငံတကာတပ်ဖွဲ့များကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း တာလီဘန်တို့က ပြောကြားခဲ့သည်။

 

အဆိုပါ တိုက်ခိုက်မှုများသည် စစ်သွေးကြွအုပ်စုများနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် ဆွေးနွေးနေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

 

ရက်ပေါင်း ၁၃၅ ရက်အတွင်း အာဖဂန်အတွင်းရှိ အမေရိကန်တပ်သား ၁၄၀ဝ၀ မှာ  ဆုတ်ခွာပေးရန် အမေရိကန် ပြည်ထောင်စုက ငြိမ်းချမ်းရေးမူကြမ်းတွင် သဘောတူရန် တနင်္လာနေ့က အမေရိကန် စေ့စပ်ညှိနှိုင်းရေးမှူး တစ်ဦးက ပြောကြားခဲ့သည်။


အမေရိကန်ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းမှုများရရန် ကြိုးပမ်းမှုများကို ဆန့်ကျင်ရန်အတွက် တာလီဘန်များ၏ တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်