တာမွေမြို့နယ်တွင် မဲစာရင်းကပ်ထားကြေညာထားမှုနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်  ၃၀  ဇူလိုင်   

 

နိုဝင်ဘာလ(၃)ရက်နေ့၌ ကျင်းပပြုလုပ်မည့် တာမွေမြို့နယ်အတွင်းရှိ လစ်လပ်မဲဆန္ဒနယ်နေရာ ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာထားမှုနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ ညနေ ၃ နာရီ အချိန်က ရန်ကုန်တိ်ုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် တာမွေမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းပိုင်က မဲစာရင်းများ ကပ်ထား ကြေညာထားမှုများနှင့် စပ်လျဉ်း၍ ရပ်ကွက်များမှ အကြံပြုတင်ပြသည့် သုံးသပ်ချက်များအပေါ် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်နိုင်ရေး  ကိစ္စရပ်များ၊ လက်ရှိတွင် ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် အခက်အခဲများအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များကလည်း သိရှိလိုသည်များကို မေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

 

နိုင်လင်းအောင် (ပြန်/ဆက်)