တစ်ခါသုံး ပလတ်စတစ်သုံးစွဲမှုနှိုင်းယှဉ်ပြတဲ့ ပလတ်စတစ် အရှုပ်တော်ပုံပြပွဲ မန္တလေးမြို့တွင်  ပြုလုပ်

မန္တလေး  ၁၀  မေ

 

မန္တလေးမြို့မှာ တစ်ခါသုံး ပလတ်စတစ် သုံးစွဲမှုနှိုင်းယှဉ်ပြတဲ့ ပလတ်စတစ်အရှုပ်တော်ပုံ အမည်ပြပွဲကို မန္တလေးမြို့ ၁၉ လမ်း City Mart မှာ မေ ၇ ရက် မှ ၁၀ ရက်ထိ  ပြသမည်ဖြစ်ကြောင်း သိရသည်။ 

 

mdn

 

အဆိုပါ ပြပွဲကို သန့်မြန်မာနှင့် Yoma Bank တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပလတ်စတစ်အသုံးပြုမှု လျော့ချရန် ၊ ပလတ်စတစ် အစားထိုး ချိုင့်တွေ ပြောင်းလဲသုံးစွဲရန်နှင့် လွန်ခဲ့တဲ့ ၂၅ နှစ်နဲ့ယှဉ်ရင် ယနေ့မှာ တစ်ခါသုံးပလတ်စတစ်တွေဖြစ်တဲ့ ကြွပ်ကြွပ်အိတ်ခွံ၊ ရေသန့်ဘူးတွေနဲ့ အိတ်ခွံငယ်တွေကို ဘယ်လောက်တောင် ပိုသုံးနေလဲ၊ ဘယ်လိုဆိုးကျိုးတွေ ရှိတယ်ဆိုတာ ပြည်သူတွေသိစေရန် ယခုလိုပြသခြင်းဖြစ်ကြောင်း သိရသည်။ 

 

'' ပလတ်စတစ်က နှစ်ပေါင်းများစွာ မဆွေးမြေ့ဘူး၊ ပလတ်စတစ်ကို ရေထဲစွန့်ပစ်ရင်လည်း မိုက်ခရို ပလတ်စတစ်အနေနဲ့ရေထဲ ကွဲသွားမယ်၊ လေကနေတစ်ဆင့် အစားအသောက်နေတစ်ဆင့် ပြန်လာမယ်၊ စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်တွေကို ရေနေသတ္တဝါတွေ စားမိရင်တော့ သေဆုံးရမယ်၊ ပလတ်စတစ်က ကမ္ဘာမြေကြီးနဲ့ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်သလို ပလတ်စတစ်သုံးစွဲတဲ့လူတွေဆီကို ဒီဆိုးကျိုးတွေက ပြန်ရောက်လာမှာပဲဖြစ်ပါတယ်၊ ဒါကြောင့် ပလတ်စတပ်သုံးစွဲမှုလျှော့ချဖို့ မီးမောင်းထိုးပြချင်တဲ့အတွက် အခုလို လုပ်တာပါ '' ဟု သန့်မြန်မာအဖွဲ့ ဒါရိုက်တာ မမေသက်ထွေးက ပြောသည်။ 

 

mdn

 

ပြပွဲတွင် ပလတ်စတစ်သုံးစွဲမှု မြင့်တက်မှုကြောင့် အနာဂတ်မှာ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ၊ သဘာဝပတ်ဝန်းကျင်နှင့် ကုန်းနေ ရေနေသတ္တဝါတွေ ထိခိုက်သေဆုံးမှုများ သိရှိစေရန် ဓာတ်ပုံများဖြင့် ပုံဖော်ပြသထားသည်။ ထို့အပြင်  ပလတ်စတစ်အိတ်များ ပလတ်စတစ် ရေသန့်ဘူးများ အသုံးပြုပြီး ပလက်စတစ်၏ ဆိုးကျိုးများကို သရုပ်ဖော် ပြသထားပါသည်။ 

 

တစ်ခါသုံး ပလတ်စတစ်သုံးစွဲမှု နှိုင်းယှဉ်ပြသည့်  ပလတ်စတစ် အရှုပ်တော်ပုံပြပွဲကို  မန္တလေးမြို့မှာ နောက်ထပ် နေရာနှစ်ခုတွင် ဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။

 

mdn

 

အိမို့မို့ခိုင်