တစ်ကိုယ်တော် စက်ဘီးစီးနင်းသူ ကျော်ကျော်ဝင်း (ခ) စနေ လှည်းကူးမြို့နယ်သို့ ရောက်ရှိ

လှည်းကူး  ၁၆  မေ

 

အားကစား ဝါသနာပါသူများနှင့် မျိုးဆက်သစ်လူငယ်များ အသိဉာဏ်နှင့် စွမ်းရည်မြင့်မားမှု ဖွံ့ဖြိုးရေး၊ ခိုး၊ ဆိုး၊ လုယက်နှင့် မူးယစ်ဆေးဝါးများအား စိတ်မဝင်စားဘဲ နိုင်ငံတော်ကို အားကစားဖြင့် အထောက်အကူပြုသူများ ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ်၊ မေ(၇)ရက်နေ့တွင် ပြင်ဦးလွင်မြို့မှ စတင်ထွက်ခွာလာသော တစ်ကိုယ်တော် စက်ဘီးစီးနင်းသူ ကျော်ကျော်ဝင်း (ခ) စနေ (၄၅) နှစ် (ဘ) ဦးလှရွှေ၊ ဖောင်တော်စံပြကျေးရွာ၊ ပြင်ဦးလွင်မြို့နယ်နေသူသည်  ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အစ၊ မင်းလွင်ကုန်းကျေးရွာ၊ ရန်ကုန်-ပဲခူးလမ်း၊ ဝမ်းဘောဒက်တံတား၊ မိုင်တိုင်အမှတ်(၃၂/၅)သို့ မေ ၁၅ ရက်နံနက် ၉ နာရီ ၁၅ မိနစ်က ရောက်ရှိခဲ့ကြောင်း သိရသည်။  

 

mdn


     

တစ်ကိုယ်တော်စက်ဘီးစီးနင်းသူ ကျော်ကျော်ဝင်း(ခ)စနေသည် ရန်ကုန်-ပဲခူးလမ်းအတိုင်း ဆက်လက်စီးနင်း ထွက်ခွာခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် လှည်းကူးမြို့နယ်အဆုံး၊ ရန်ကုန်-ပဲခူးလမ်း၊ မိုင်တိုင် အမှတ်(၂/၇)အား ဖြတ်သန်းခဲ့ပြီး မင်္ဂလာဒုံမြို့နယ်ဘက်သို့ ဆက်လက်စက်ဘီးစီးနင်း ထွက်ခွာသွားကြောင်း သိရသည်။ 

 

ကျော်ကျော်ဝင်း(ခ)စနေသည် လှည်းကူးမြို့နယ်အစ၊ မင်းလွင်ကုန်းကျေးရွာ၊ ရန်ကုန်-ပဲခူးလမ်း၊ ဝမ်းဘောဒက်တံတား၊ မိုင်တိုင်အမှတ်( ၃၂/၅)မှ အမှတ်(၂)လမ်းဆုံနှင့် ဇရပ်ကွင်းလမ်းဆုံ၊ မိုင်တိုင်အမှတ် (၃၁/ဝ) အထိ၊ (၁) မိုင် (၅) ဖာလုံအားလည်းကောင်း၊ ဇရပ်ကွင်းလမ်းဆုံ၊ မိုင်တိုင်အမှတ် (၁၄/၆) မှ လှည်းကူးမြို့နယ်အဆုံး၊ ရန်ကုန်-ပဲခူးလမ်း၊ မိုင်တိုင်အမှတ်(၂/၇)အထိ (၁၁)မိုင်(၇)ဖာလုံအားလည်းကောင်း၊ စုစုပေါင်း ခရီးမိုင် (၁၃) မိုင်၊(၄)ဖာလုံအား အချိန်(၂)နာရီကြာ စက်ဘီးစီးနင်းခဲ့ပြီး (၁၀) မိနစ်ခေတ္တရပ်နားခဲ့ကြောင်း သိရသည်။    

 

နိုင်လင်း(လှည်းကူး)