တစ်ကိုယ်တော်ခွေ ထပ် မထွက်နိုင်သေးသည့် အဆိုတော် G -LATT

ရန်ကုန် ၂ ဖေဖော်ဝါရီ

 

ပရိသတ်တွေကြား လတ်တလော ရေးပန်းစားနေသည့် " ငယ်ကျွန်" ရုပ်ရှင်ဇာတ်ကားကြီးတွင် ဇာတ်ဝင်တေးသီချင်းအဖြစ် သီဆိုထားသော အဆိုတော် G-Latt ဟာ    “တနေ့တော့” တေးသီချင်းဖြင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားပြီး "အစွန်း နှစ်ဖက် " ဟု အမည်ပေးထားသည့် အမ်တီဗွီကို ထွက်ရှိထားသူလည်း ဖြစ်သည်။ သူ၏လတ်တလော ဂီတဖန်တီးမှုတွေနှင့် ဆက်လက် ဆောင်ရွက်မည့် ဂီတအကြောင်းတွေ မေးမြန်းဖြစ်ခဲ့သည်။

 

 မေး ။ ။ တစ်ကိုယ်တော်ခွေ ထွက်ဖို့  ပြင်ဆင်နေတာ ကြာပြီနော်။ ဘယ်တော့လောက် စနိုင်မလဲ။

 

ဖြေ ။ ။ ကျွန်တော့် တစ်ကိုယ်တော်တွေ ခြားသွားတာက ကျွန်တော်က ပိုက်ဆံအများကြီးရတဲ့ အဆိုတော်ထဲမှာ မပါဘူး။ ပိုက်ဆံ အရမ်းရှိတဲ့ အဆိုတော်ထဲမှာလည်း မပါဘူး။ သို့သော် တစ်ခုက ကျွန်တော်က လုပ်စရာရှိ်တာကို လုပ်လို့ရတဲ့ အချိန်ကျမှပဲ Release လုပ်ချင်တယ်။ မင်းမကြိုက်ရင် မင်းအခွေတွေကို သူများလည်း မကြိုက်ဘူး။ အဲဒီတော့ အရင်ဆုံး ကျွန်တော်ကြိုက်အောင် အရင်လုပ်တယ်။ ကြိုက်မှထွက်တယ်။ ဒါကြောင့် ကျွန်တော့်အခွေ ကြာရတဲ့အကြောင်းက ကျွန်တော် မကြိုက်သေးလို့ပဲ ပြောရမှာပေါ့။

 

mdn

 

မေး -  အစွန်းနှစ်ဖက် အမ်တီဗွီက ပရိသတ်ဆီက ဘာပြန်ရလဲ။

        

 

ဖြေ ။ ။ အမ်တီဗွီကို ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရရင် သိပ်အများကြီးလည်း မမျှော်လင့်ထားဘူး။ အမ်တီဗီ အသက် တစ်မနက်ပါပဲ။ ဒီအခွေထွက်ပြီး တစ်နာရီ ၊ နှစ်နာရီဆို ဖုန်းထဲကို ရောက်လာတာ။ ၁၅မိနစ်၊ မိနစ် ၂၀လောက်ကြည့်ပြီးရင် ပြီးသွားပြီပေါ့။ အခွေရဲ့ရောင်းအားတို့ ဘာတို့ ကျွန်တော်မသိဘူး။ ဒီထဲမှာ ဝါသနာပါလို့၊ ဒီဟာကို အာရုံစိုက်ပြီး ကြည့်တဲ့သူတွေက ပြောကြတာ။ ဒီထဲမှာ Photography ကောင်းတယ်ပေါ့။ ဒီထဲမှာ ရိုက်ချက်လေးတွေ ကောင်းတယ်ပြောတယ်။ တစ်ခုခုလေး ကျန်ရင် ကျေနပ်ပါတယ်။ တစ်ကမ္ဘာလုံးမှာလည်း အမ်တီဗွီကို တစ်ခွေလုံးထွက်တာ မရှိသလောက်ပါပဲ။  အဲဒီလိုထွက်တာ ကြာလို့လည်း ငြီးငွေ့ပါတယ်။

 

မေး - သီချင်းသစ်တွေ စောင့်မျှော်နေတဲ့ပရိသတ်အတွက် ဘာပြောချင်ပါလဲ။

 

ဖြေ ။ ။ ကျွန်တော့် အခွေထွက်မယ်။ စီးရီး Title Song တွေလည်း အကုန်ပေးပြီးပြီ။ ၂ ပုဒ် လောက်တော့ ကျွန်တော် ထပ်လုပ်ချင်တာလေး ခေါင်းထဲမှာ ကျန်နေလို့ လက်စမသတ်နိုင်တာ။ အဲဒါလေး ပြီးရင်တော့ ပြီးပြီ။ သီချင်းတွေက Owntune တွေပါပဲ။ ကျွန်တော်ကိုယ်တိုင် ဆုံးဖြတ်လို့ရပြီ။ ဘယ်အချိန်မှာ ပရိသတ်လက်ထဲထည့်လို့ ရပြီဆိုတာနဲ့ ၂ လ၊ ၃ လ လောက်ကြိုပြီး သူတို့ကို Message ပေးမှာပါ။ အခုဟာက ကျွန်တော်ကိုယ်တိုင်တောင် ဘယ်အချိန်လဲဆိုတာ မပြောနိုင်သေးလို့ သူတို့ကို မပြောသေးတာပါ။

 

မေး - အစ်ကိုအနေနဲ့ အွန်လိုင်းကနေ တစ်ပုဒ်ချင်းတင်ဖို့ရော စဉ်းစားဖြစ်လား။

 

ဖြေ။ ။ ကျွန်တော်က အားမရတာပါ။ ဒါကို ကျွန်တော်က သီချင်းခွေလို့ မထင်ပါဘူး။ အွန်လိုင်းက သီချင်းတင်တာက သွေးတိုးဆန်းနေတဲ့ ကိစ္စတစ်ခုလိုပဲ မြင်ပါတယ်။ ဒါက တစ်ခုရှိပါတယ်။ ပရိသတ်ဝယ်တာ၊ မဝယ်တာကလည်း သူတို့ကိစ္စပါပဲ။ ကျွန်တော်က သေသေသပ်သပ် တစ်ခုကတော့ လုပ်ချင်တယ်။ အခွေဆိုတာ ဒါပဲလို့ ထွက်လိုက်ချင်တယ်။ မင်းတို့ ဝယ်မှာလား၊ မဝယ်မှာလား မသိလို့ တစ်ပုဒ်ချင်းတော့ မထုတ်ချင်ပါဘူး။ သီချင်းဆိုလို့ မရရင် ကျွန်တော်တို့ မဆိုကြတော့ဘူး။ Album လေးတစ်ချပ်ကတော့ သီးသီးသန့်သန့်လေး ဖြစ်စေချင်တယ်။ ကိုယ့်သိမ်းထားလို့ရမယ့် အခြေအနေမျိုးလေး တစ်ခု ပေးချင်တယ်။ ကျွန်တော်တို့လည်း အခွေကို ဒီလိုပဲမြင်ခဲ့ဘူးတယ်။ အဆင်မပြေရင်တော့ ၃၊ ၄ ပုဒ်ကို စီဒီ တစ်ချပ်ထွက်မယ်။ အွန်လိုင်းက ရောင်းတာကို လူတွေက ဝယ်ရကောင်းမှန်း မသိသေးဘူးလို့ ထင်ပါတယ်။ နိုင်ငံခြား ရှိသူကတော့ တစ်မျိုးပေါ့။

 

ကိုလင်း