တစ်နှစ်အတွင်း ဝင်ငွေအမြင့်ဆုံးကစားသမားအဖြစ် မက်ဆီ ဖော်ပြခံရ

၁၄  ဇွန်

 

ဘာစီလိုနာအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီသည် ကမ္ဘာ့ဝင်ငွေအမြင့်ဆုံး ကစားသမားအဖြစ် ဖောဘိစ်မဂ္ဂဇင်း၏ ဖော်ပြချက်အရသိရသည်။

 

တိုက်စစ်မှူးမက်ဆီသည် လွန်ခဲ့သည့်၁၂ လတာကာလအတွင်းက ဝင်ငွေ ၉၉ ဒသမ ၈ သန်း(အမေရိကန် ဒေါ်လာ ၁၂၇ သန်း)အထိ ဝင်ငွေရှိခဲ့ပြီး ဂျူဗင်တပ်အသင်းမှ ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး စီရိုနယ်လ်ဒိုမှာ ပေါင် ၈၅ ဒသမ ၆ သန်း (အမေရိကန်ဒေါ်လာ ၁၀၉ သန်း)ဖြင့် ဒုတိယနေရာက ရပ်တည်ခဲ့ကာ ပီအက်စ်ဂျီအသင်းမှ ဘရာဇီးတိုက်စစ်မှူး နေမာသည် ပေါင် ၈၂ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၁၀၅ သန်း)ဖြင့် တတိယနေရာက ရပ်တည်လျက်ရှိကြောင်း သိရသည်

 

ဖောဘိစ်မဂ္ဂဇင်း၏ ပြီးခဲ့သည့်နှစ်က ဖော်ပြခဲ့သည့် စာရင်းများအရ လက်ဝှေ့အကျော်အမော် မေဝယ်သာသည် ဝင်ငွေအများဆုံးဖြစ်ခဲ့ပြီး ယခုနှစ်ဖော်ပြချက်တွင်မူ မေဝယ်သာသည် ထိပ်ဆုံး ၁၀ ဦးစာရင်းမှာပင် ပါဝင်လာခဲ့ခြင်းမရှိကြောင်း သိရသည်။

 

ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံ ငါးကြိမ်မြောက်အထိ ရယူဆွတ်ခူးနိုင်ခဲ့သည့် ဟာမီတန်နှင့် ဟဲဗီးလ်ဝိတ် ကမ္ဘာ့ချန်ပီယံဟောင်းဖြစ်သည့် အန်တိုနီဂျိုရှူယာတို့သည် ဗြိတိန်အားကစားသမားများ၏ ဝင်ငွေအများဆုံး ကစားသမားများ ဖြစ်ခဲ့ပြီး ပေါင်၄၃ ဒသမ ၂ သန်း (အမေရိကန် ဒေါ်လာ ၅၅ သန်း)ဖြင့် အဆင့် ၁၃ နေရာတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။

 

မန်ယူအသင်းမှ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာသည် ပရီမီယာလိဂ်တွင် ဝင်ငွေအများဆုံးဖြစ်ခဲ့ပြီး ပေါင် ၂၅ သန်း (အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၉ သန်း)ဖြင့် အဆင့် ၄၄ နေရာတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် ထုတ်ပြန်ထားသည့် ဝင်ငွေအများဆုံး အားကစားသမားစာရင်းတွင် တင်းနစ်ကစားသမား ဖက်ဒဲရားက ပေါင် ၉၃ ဒသမ ၄ သန်းဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။

 

ငွေကြယ်