တစ်နှစ်မပြည့်မီ တတိယအကြိမ်မြောက် အစ္စရေး ရွေးကောက်ပွဲ ကျင်းပမည်

၁၂ ဒီဇင်ဘာ

 

အစ္စရေးနိုင်ငံသည် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် နောက်ဆုံးသတ်မှတ်ထားသည့် ဗုဒ္ဓဟူးနေ့တွင် ပါတီများ ပျက်ကွက်ခဲ့ပြီးနောက် တစ်နှစ်မပြည့်မီ တတိယအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။

 

ဧပြီလနှင့်စက်တင်ဘာလတို့တွင် အပြီးသတ်ရွေးကောက်ပွဲများ ကျင်းပပြီးနောက် နိုင်ငံရေး အကျပ်အတည်းကြုံတွေ့နေရသည်။

 

ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ လီကွတ်ပါတီ နှင့် ဗိုလ်ချုပ်ကြီးဟောင်း ဘန်နီ ဂန့်ဇ် ဦးဆောင်သည့် အကြီးမားဆုံး အတိုက်အခံပါတီ ဖြစ်သည့် Blue and White ပါတီ တို့သည် ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းမည့် နောက်ဆုံးအချိန်တွင် ပျက်ကွက်ခဲ့ကြသည်။

 

နောက်ထပ် အထွေထွေရွေးကောက်ပွဲကို အစ္စရေး ဥပဒေနှင့်အညီ မတ်လအစောပိုင်းတွင် ကျင်းပမည် ဖြစ်သည်။

 

ထိုရွေးကောက်ပွဲ၏ အဓိက အာရုံစူးစိုက်မှုသည် နေတန်ယာဟု သက်တမ်း ၁၀ နှစ်ပြီးနောက် ၎င်းဆက်လက် တည်ရှိနိုင်၊ မရှိနိုင်ပင် ဖြစ်သည်။

 

လာဘ်ပေးလာဘ်ယူမှုနှင့် လိမ်လည်မှုတို့ ပါဝင်သည့် စွဲချက်များဖြင့် နေတန်ယာဟု ကို စွဲချက်တင်မည်ဖြစ်ကြောင်း အစိုးရရှေ့နေများက နိုဝင်ဘာလက ကြေညာခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို