တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပတ်အတွင်း တရားမဝင်သစ် ၅၆၇ ဒသမ ၇၈၅၁ တန်နှင့် ပြစ်မှုကျူးလွန်သူ (၅၃)ဦး ဖမ်းဆီးရမိ

နေပြည်တော်  ၁၈  ဇူလိုင် 
    

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် နည်းလမ်းမျိုးစုံဖြင့် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများကို ရှာဖွေဖော်ထုတ် ဖမ်းဆီးလျက်ရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပတ်အတွင်း တရား မဝင်သစ် စုစုပေါင်း ၅၆၇ ဒသမ ၇၈၅၁ တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    

ဇူလိုင် ၈ ရက်မှ ၁၄ ရက်အထိအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူ (၅၃)ဦးနှင့်အတူ ယာဉ်/ယန္တရား (၄၇)စီး တို့ကိုလည်း ဖမ်းဆီးရမိခဲ့ကာ အများဆုံး ဖမ်းဆီးရမိမှုမှာ ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မိုးညှင်းမြို့နယ် နန့်မွန်းဘိနယ် နန့်မွန်းမြို့ရပ်ကွက်(၁)နှင့် မိုင်းနောင်ဘိနယ် ညောင်ပင်ကျေးရွာတို့မှ တရားမဝင်သစ် ၇၆ ဒသမ ၁၅၂၀ တန်ဖြစ်ကြောင်း သိရသည်။
 

မောင်မျိုး