တစ်နိုင်ငံလုံးကို အသွားအလာကန့်သတ်ဖို့ ထပ်မလုပ်ချင်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ပြောကြား

လန်ဒန်  ၁၉  ဇူလိုင်

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကိုရိုနာဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ရန် တစ်နိုင်ငံလုံးကို အသွားအလာကန့်သတ်ဖို့ဆိုတာ ရွေးချယ်စရာ မရှိတော့မှသာ လုပ်ဆောင်သွားမှာဖြစ်ပြီး၊ တစ်နိုင်ငံလုံး အသွားအလာကန့်သတ်ခြင်းကို နျူကလီးယားလက်နက်နဲ့ နှိုင်းယှဉ်ပြီး နောက်ဆုံးလက်နက် အနေနဲ့သာ လုပ်ဆောင်သွားမှာလို့ တနင်္ဂနွေနေ့ထုတ် Daily Telegraph သတင်းစာမှာ ရေးသားထားပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုဟာ လာမယ့် ခရစ္စမတ်အချိန်မှာ ဗြိတိန်နိုင်ငံဟာ ပုံမှန်လိုဖြစ်လာနိုင်ဖို့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ်ဂျွန်ဆင်က ပြောပေမယ့် ဆောင်းတွင်းမှာ ဗိုင်းရပ်စ်ပိုးတစ်ကျော့ပြန် ပြန်လည် ကူးစက်လာကြောင်း ခန့်မှန်းချက်တွေ ရှိနေပါတယ်။ ဗြိတိန်နိုင်ငံဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးဒဏ်ခံစားရဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး ဉရောပနိုင်ငံတွေထဲမှာတော့ အဆိုးဆုံး နိုင်ငံဖြစ်ပါတယ်။

 

ဗြိတိန်ဝန်ကြီးက အင်္ဂလန်ရဲ့ အသွားအလာပိတ်ဆို့မှု ဖျက်သိမ်းရန် အချိန်ဇယားမူကြမ်းကို ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။  မူကြမ်းထဲမှာ အိမ်ကနေ အလုပ်လုပ်ခြင်း၊ အားကစားခန်းမတွေနဲ့ ကဇာတ်ရုံတွေပါ ပြန်လည်ဖွင့်လှစ်ရေး ပါဝင်ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ အိမ်ကနေ အလုပ်လုပ်နိုင်တဲ့အလုပ်တွေကို အိမ်ကနေပဲ လုပ်ရန် အစိုးရက အကြံပြုထားပါတယ်။

 

ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သတ်ပြီး အကောင်းမြင်ချက်ရှိနေပေမယ့် ကျန်းမာရေးဌာနရဲ့ အကြီးအကဲက တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းဟာ အချိန်ခပ်ကြာကြာရှိနေမှာလို့ သောကြာနေ့က ပြောကြားပါတယ်။

 

ဗြိတိန်အစိုးရရဲ့ သိပ္ပံဆိုင်ရာ အကြံပေးအကြီးအကဲ ပက်ထရစ် ဗောလေ့စ်ကလည်း ဗိုင်းရပ်စ်ပိုးကူးစက်မှုရဲ့ ဒုတိယလှိုင်းက ပိုပြီး ကြောက်စရာကောင်းကြောင်း သဘောတူညီထားပါတယ်။

 

MDN

ကိုးကား - AFP