တောမီးမှတစ်ဆင့် အလုပ်သမားတန်းလျား အဆောက်အဦဟောင်း မီးလောင်မှုဖြစ်ပွား

ကန့်ဘလူ  ၁ မတ်


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်အနီးတွင် ယမန်နေ့ ညနေ ၆ နာရီခန့်က တောမီးလောင်ကျွမ်း ရာမှတစ်ဆင့် ယခင်အလုပ်သမားများ နေထိုင်ခဲ့သည့် အလုပ်သမားတန်းလျား မြေစိုက်အဆောက်အဦတစ်လုံး မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

‌ေ

 


မီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများပူးပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ  ညနေ ၆ နာရီ ၂၀ မိနစ် ခန့်တွင် မီးငြှိမ်းနိုင်ခဲ့ ကြောင်း သိရသည်။

 

‌ေ

 


မီးလောင်မှုကြောင့် ပေ ၂၀ ပေ ၃၀၊ သွပ်မိုး၊ ထရံကာ မြေစိုက်အလုပ်သမား တန်းလျားဟောင်းတစ်လုံးဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။

 

‌ေ

 


အောင်ဝင်းငြိမ်း(ကန့်ဘလူ)