တောင်အာဖရိကနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယလှိုင်းနဲ့ ရင်ဆိုင်နေရကြောင်း ကျန်းမာရေးဝန်ကြီး ကြေညာ

၁၀ ဒီဇင်ဘာ

 

တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှု ဒုတိယလှိုင်းနဲ့ ရင်ဆိုင်နေရကြောင်း ကျန်းမာရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။

 

အာဖရိကတိုက်အတွင်းက ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု အများဆုံးဖြစ်တဲ့ တောင်အာဖရိကနိုင်ငံဟာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်းလို့ သတ်မှတ်နိုင်တဲ့ အကြောင်း အချက်တွေနဲ့ ကိုက်ညီနေကြောင်း ဝန်ကြီး က ပြောပါတယ်။

 

ရောဂါပိုးတွေ့ရှိသူတွေဟာ ၂၄ နာရီအတွင်း ၆,၇၀၉ ဦး ရှိကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ပြီးနောက် ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၈၂၈,၅၉၈ ဦးရှိကြောင်း သိရပါတယ်။

 

တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပထမလှိုင်းအတွင်း ဇူလိုင်လမှာ ပိုးတွေ့ရှိသူ နေ့စဉ် ၁၂,၀၀၀ နီးပါး ရှိရာကနေ စက်တင်ဘာလမှာ ပိုးတွေ့ရှိသူ ၁,၀၀၀ အောက်သာ ရှိလာကြောင်း သိရပါတယ်။

 

ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူတွေဟာ ၁၅ နှစ်မှ ၁၉ နှစ်အရွယ် လူငယ်တွေ ဖြစ်တာကို တွေ့ရပါတယ်။

 

နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ပါတီပွဲတွေမှာ လူငယ်အများစုဟာ အရက်သေစာ သောက်စားခြင်း၊ တစ်ဦးနဲ့တ စ်ဦး ခပ်ခွာခွာနေရေး စည်းမျည်းနဲ့ မျက်နှာဖုံးဝတ်ဆင်ခြင်း စတဲ့ စည်းကမ်းချက်တွေ လိုက်နာမှု လုပ်ဆောင်ရန်ပျက်ကွက်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

 

လူစုလူဝေး တားမြစ်ခြင်း မလုပ်ဆောင်ခဲ့မှုကြောင့် ဗိုင်းရပ်စ်ပိုးကူးစက်မှု အဆမတန်များလာနိုင်တဲ့ အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအပေါ် ဝန်ပိသွားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးက သတိပေး လိုက်ပါတယ်။

 

တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင်း သေဆုံးသူဟာ ၂၂,၅၇၄ ဦး ရှိနေပြီ ဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP