တောင်အာဖရိကနိုင်ငံရှိ လမ်းမများပေါ်တွင် ခြ‌င်္သေ့များ အိပ်ပျော်လျက်ရှိ

၂၀ ဧပြီ

တောင်အာဖရိကနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးရန်အတွက်  ကမ္ဘာလှည့်ခရီးသည်များ လာရောက်ခြင်းကို တစ်နိုင်ငံလုံးအနှံ့ ပိတ်ဆို့ထားချိန်တွင် ခြင်္သေ့များသည် လမ်းမများပေါ်တွင် လွတ်လပ်စွာ အိပ်စက်လျက်ရှိကြသည်။

 

ပြီးခဲ့သည့်အပတ်က ကူဂါအမျိုးသားဉယျာဉ်ရှိ  ဓာတ်ပုံဆရာဖြစ်သူ ရန်ဂါ ရစ်ချက် ဆိုဝီက အဆိုပါ ခြင်္သေ့များ၏ ဓာတ်ပုံများကို ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ပန်းခြံကို အစောပိုင်းကတည်းက ပိတ်ထားပြီးဖြစ်သည်။

 

အဆိုပါ အိပ်ပျော်နေသည့် ခြင်္သေ့များထဲတွင် ခြင်္သေ့ငယ်များနှင့် ခြင်္သေ့ဖြူများလည်း ပါဝင်ကြောင်း ဆိုဝီက ပြောကြားခဲ့သည်။

 

ယခင်အချိန်က ဆိုလျင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ခြ‌င်္သေ့များသည် များသောအားဖြင့် လမ်းများပေါ်တွင် အသွားအလာ လုပ်ခြင်း မရှိကြောင်း ဆိုဝီက NHK သို့ ပြောကြားခဲ့သည်။

 

၎င်းတို့သည် ပူလောင်သဖြင့် ကတ္တရာလမ်းပေါ်တွင် လဲလျောင်းနေခြင်းဖြစ်နိုင်ကြောင်း ဆိုဝီက ပြောကြားခဲ့သည်။

 

ကူဂါ အမျိုးသားဥယျာဉ်၏ ဧရိယာသည် စတုရန်းကီလိုမီတာ ၂၀ဝ၀ဝ နီးပါး ကျယ်ဝန်းပြီး ကမ္ဘာ့အကြီးဆုံး တိရစ္ဆာန်ဥယျာဉ်ကြီးတစ်ခုလည်းဖြစ်သည်။

 

အဆိုပါ ပန်းခြံသည် တစ်နှစ်လျင် ခရီးသွားဧည်သည် ၁ ဒသမ ၄ သန်း လာရောက်လည်ပတ် လျက်ရှိသည်။

 

တောင်အာဖရိကနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၂၆၀ဝကျော်ရှိပြီဖြစ်သည်။

 

တောင်အာဖရိက နိုင်ငံသည် တစ်နိုင်ငံလုံးအနှံ့ ပိတ်ဆို့ထားရန် မူဝါဒများချမှတ်ခဲ့ပြီးနောက် ခရီးသည်တင် လေယာဉ်အားလုံးကိုလည်း ရပ်ဆိုင်းထားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်