တောင်အာဖရိကနိုင်ငံတွင် ကိုဗစ် -၁၉ နေ့စဉ်ကူးစက်မှုနှုန်းမြင့်တက်

ကိပ်ဗ်တောင်း   ၂၂ ဇွန်

တောင်အာဖရိကနိုင်ငံတွင် ဇွန် ၂၀ ရက်၌ ကိုဗစ် -၁၉ ကူးစက်ခံထားရသူပေါင်း ၉၂၆၈၁ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီး ဇာဝီလီ မာဟီဇီက ပြောသည်။

ဇွန်၁၉ ရက်က အသစ်ကူးစက်ခံရသူ ၄၉၆၆ တွေ့ရှိခဲ့သည့်အတွက် ရောဂါစတင်ကူးစက်ခဲ့သည့် မတ်လမှ စတင်ကာ နေ့စဉ်ကူးစက်မှု စံချိန်အမြင့်ဆုံးဖြစ်သွားခဲ့သည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရခြင်း ရှိ မရှိ ပြည်သူ ၁ ဒသမ ၃ သန်းကို စစ်ဆေးပေးနိုင်ခဲ့ပြီး ဖြစ်သည်။ ကိုဗစ်-၁၉ ကြောင့် လူသေဆုံးမှုနှုန်းမှာ ၂ ရာခိုင်နှုန်းရှိပြီး ပြန်လည်ကျန်းမာလာသူ အရေအတွက်မှာ ၅၄ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။

ပြန်လည်ကျန်းမာလာသူ အရေအတွက်မှာ ၅၀၃၂၆ ဦးရှိပြီဟုလည်း သိရသည်။ ကိပ်ဗ်ပြည်နယ် အနောက်ပိုင်းမှာ ကူးစက်မှု၏ ဗဟိုချက်မနေရာဖြစ်ပြီး ၅၀၁၇၃ ဦးကူးစက်ခံထားရပြီး ၁၃၂၉ ဦးသေဆုံးခဲ့ရပြီးဖြစ်သည်။

ဆင်ဟွာ