တောင်စောင်းမြေထိန်းနံရံပြုလုပ်ရန် မြေတူးရာမှ သစ်ပင်နှင့် မြေသားများပြိုကျ၍ အလုပ်သမားတစ်ဦး သေဆုံး

မော်လမြိုင် ၂၄ ဇူလိုင်   

 

ယနေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ် မော်လမြိုင်မြို့၊ တောင်ရိုးတန်းရှိ သာသနာ(၂၅၀ဝ) ဘုန်းကြီးကျောင်း အနောက်ဘက်တောင်စောင်း မြေထိန်းနံရံပြုလုပ်ရန်အတွက် မြေတူးဖော်ရာတွင် အောက်ခြေမြေသားများ နှိုက်တူးရာမှ သစ်ပင်နှင့် မြေပြိုကျ၍ အလုပ်သမားတစ်ဦး ပိမိသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ မြေပြိုကျမှုဖြစ်ပွားရာသို့ မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ပြိုကျမြေကြီးများအား ဝိုင်းဝန်းတူးဖော်ခဲ့ရာ နံနက် ၁၁ နာရီတွင် အလုပ်သမား ဦးခိုင်မျိုးထွန်း အသက် (၂၁) နှစ်၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

(ခရိုင် ပြန်/ဆက်)