တောင်ကြီးမြို့ ၌ တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှုဖွံ့ ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော်တွင် တိုင်းရင်းသားလူမျိုးစုများ ပျော်ရွှင်စွာဆင်နွှဲ

အခုလို တိုင်းရင်းသားလူမျိုးစုများရဲ့ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နဲ့ ဈေးရောင်းပွဲတော်မှာ လာရောက်ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ တိုင်းရင်းသားပေါင်းစုံနဲ့ တွေ့ရတာလည်း အလွန်ပျော်ပါတယ်။ ဒီအစီအစဉ်ကို ကျင်းပပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုလိုမျိုး ရှမ်းပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ မတူကွဲပြားတဲ့ ရိုးရာဝတ်စုံလေးတွေနဲ့အတူ တွေ့ မြင်ရတဲ့ အတွက်ကြောင့် ပျော်ရွှင်ရပါတယ်ရှင်။ နောင်နှစ်များမှာ ထပ်ပြီးကျင်းပပေးဖို့ မျှော်လင့်ပါတယ်။