တောင်ကြီးမြို့ ၌ တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှုဖွံ့ ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော်တွင် တိုင်းရင်းသားလူမျိုးစုများ ပျော်ရွှင်စွာဆင်နွှဲ

ကျွန်မက ကချင်တိုင်းရင်းသား လူမျိုးစုရဲ့ စာပေယဉ်ကျေးမှုအဖွဲ့ကိုယ်စား လာရောက်ပါတယ်။ ဈေးရောင်းပွဲတော်နဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ဝတ်စုံတွေ၊ ရိုးရာဓလေ့ထုံးစံတွေ အစုံပြသပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ကျွန်မတို့လို ဒီကိုမရောက်လာနိုင်တဲ့ တိုင်းရင်းသားတွေကိုလည်း ကျွန်မတို့ ဒီမှာ မြင့်တွေ့ခဲ့ရတာတွေကို ပြောပြပြီးတော့ ဒီယဉ်ကျေးမှု စာပေတွေဟာ ဘယ်လောက်ထိအကျိုး သက်ရောက်တယ်၊ ဘယ်လိုကြိုးစားရမယ်ဆိုတာ သိသလောက်၊ တတ်သလောက်သွားပြီး ပြောပြပေးမယ်။ ဘယ်လောက်အထိ စည်ကားသိုက်မြိုက်အောင် လုပ်ပေးတယ်။ ပြုစုပျိုးထောင်ပေးနေတယ်ဆိုတာကို ဝမ်းမြောက်ဝမ်းသာ ပြန်ပြောပြပါမယ်။

 

 

ဝေယံလင်း(ပြန်/ဆက်)