တောင်ကြီးမြို့ ၌ တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှုဖွံ့ ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော်တွင် တိုင်းရင်းသားလူမျိုးစုများ ပျော်ရွှင်စွာဆင်နွှဲ

ကျွန်မက ကျိုင်းတုံ က “ဝ” တိုင်းရင်းသားများကိုယ်စား လာရောက်တာဖြစ်ပါတယ်။ ကျွန်မတို့အဖွဲ့ လူအင်အား ၂၀ လာပါတယ်။ တိုင်းရင်းသားလူမျိုးစုများရဲ့ စာပေယဉ်ကျေးမှုဖွံ့ ဖြိုးရေးပွဲတော်နဲ့ ဈေးရောင်းပွဲတော်ကို ဒီနှစ် ပထမဆုံး ကြုံတွေ့ရတာဖြစ်ပါတယ်။ အတော်လည်းပျော်ပါတယ်၊ ဝမ်းလည်းသာပါတယ်ရှင်၊ မလာရောက်နိုင်သေးတဲ့ ညီအစ်ကိုမောင်နှမတွေ၊ တိုင်းရင်းသားတွေကို သူတို့ကို နောက်နှစ်လုပ်ရင်လည်း ပါဝင်စေချင်ပါတယ်။ ပွဲတော်ဖြစ်မြောက် အောင်မြင်အောင် လုပ်ပေးသွားတဲ့၊ စီစဉ်ပေးသွားတဲ့ ဌာနပေါင်းစုံကို အထူးပဲကျေးဇူးတင် ရှိပါတယ်။ နောင်နှစ်များစွာလည်း ဒီထက်မက ပြီးမြောက်အောင်မြင်အောင် ကျင်းပနိုင်ပါစေလို့ ဆုတောင်းပါတယ်။

 

 

ဝေယံလင်း(ပြန်/ဆက်)