တောင်ကြီးမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်  ၄ အောက်တိုဘာ

           

တောင်ကြီးမြို့တွင် ယမန်နေ့ည ၁၁ နာရီက စိတ်ကြွရူးသွပ်ဆေးပြား ၅၃၆၅ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

 

မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ ချစ်ဦး၏ နေအိမ်ကိုရှာဖွေရာ ၎င်းအား မတွေ့ရှိဘဲ ဒေါ်အေးအေးအောင်(ခ) သုန်စန်း အားတွေ့ရှိပြီး ၎င်း၏လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေး ၁၆၅ ပြား၊ မော်တော်ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂,ဝ၀ဝ ၊ အိပ်ခန်းအတွင်း တီဗွီစင်ပေါ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၃,၂၀ဝ ၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေး ၅,၃၆၅ ပြား နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ဒေါ်အေးအေးအောင်(ခ)သုန်စန်း (ဖမ်းမိ)နှင့်ချစ်ဦး(ဖမ်းမမိသေး)တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)