တောင်ကိုရီးယား အနုပညာရှင်များ၏ ဖျော်ဖြေမှုကို မြောက်ကိုရီးယားခေါင်းဆောင် တက်ရောက်အားပေး

ပြုံယမ်း ၂ ဧပြီ

 

ပြုံယမ်းမှာ ကျင်းပနေတဲ့ တောင်ကိုရီးယား အနုပညာရှင်များရဲ့ ဖျော်ဖြေမှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် တက်ရောက်အားပေးခဲ့ပြီး ချီးကျူး ဂုဏ်ပြုခဲ့ကြောင်း သိရပါတယ်။

 

ပေါ့ပ်အဆိုတော် Cho Yong-pil  နဲ့ Girl Girls' Generation အဖွဲ့ဝင်တစ်ယောက် ပါဝင်တဲ့ ဖျော်ဖြေရေးအဖွဲ့ဟာ “Spring Comes” အမည်ရှိ သီချင်းကို ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

 

 မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းစာ ရိုဒေါင်ဆင်မွန်း မှာလည်း အဆိုပါ ဖျော်ဖြေပွဲ အခမ်းအနားကို ရှေ့မျက်နှာဖုံးမှာ ရေးသားဖော်ပြခဲ့ပါတယ်။ သတင်းစာ ဓာတ်ပုံမှာ ကင်မ်ဂျုံအန်နဲ့ တောင်ကိုရီးယား အနုပညာရှင်များပုံကို ထင်ရှားစွာ ဖော်ပြထားပြီး အခမ်းအနားကို ၎င်းရဲ့ဇနီးဖြစ်သူ ရီဆိုဂျူ၊ ညီမဖြစ်သူ ကင်မ်ယိုဂျုံတို့နဲ့အတူ တက်ရောက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါတယ်။

 

ကင်မ်ဟာ ဧပြီလအစောပိုင်းမှာ နိုင်ငံရေးလုပ်ငန်းများစွာ ရှိနေသော်လည်း ဖျော်ဖြေပွဲကို အချိန်ပေးပြီး တက်ရောက်ခဲ့ကြောင်း ပြောဆိုခဲ့ခြင်းဟာ တောင်ကိုရီးယား အနုပညာရှင်အဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြသတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကင်မ်ဟာ မြောက်ကိုရီးယား ပရိတ်သတ်တွေ သောင်းသောင်ဖြဖြ အားပေးနေမှုကိုလည်း ကြည့်ရှုခဲ့ပြီး နောက်လာမယ့် ပွဲတစ်ခုကို ဆိုးလ်မြို့မှာ "Autumn Comes"  ဆိုတဲ့ ခေါင်စဉ်နဲ့ ကျင်းပနိုင်ဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

 

အင်္ဂါနေ့မှာလည်း တောင်ကိုရီးယား အနုပညာရှင်အဖွဲ့ဟာ မြောက်ကိုရီးယား တေးဂီတအဖွဲ့နဲ့ ပူးတွဲဖျော်ဖြေသွားမှာ ဖြစ်ပြီး ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ဧပြီလ ၂၇ ရက်နေ့မှာ သမိုင်းတွင်မယ့် တွေ့ဆုံမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

MDN

 

ကိုးကား- အန်အိတ်ချ်ကေ