တောင်ကိုရီးယားက ဗီယက်နမ်နှင့် ထိုင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လှူဒါန်းမည်

ဆိုးလ် အောက်တိုဘာ ၁၃

 

တောင်ကိုရီးယားနိုင်ငံသည် ဗီယက်နမ် နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လှူဒါန်းမည် ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

 

ဗီယက်နမ်နိုင်ငံအတွက် AstraZeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၁ ဒသမ ၁ သန်းနှင့် ထိုင်းနိုင်ငံအတွက် AstraZeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၄၇၀၀၀၀ ထောက်ပံ့ပေး မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့မှုကို ယနေ့တွင် စတင်မည် ဖြစ်ကြောင်း သိရသည်။

 

တောင်ကိုရီးယားနိုင်ငံအစိုးရသည် ကိုဗစ်-၁၉ ကပ်ရောဂါကို ကျော်လွှားနိုင်ရန် ကမ္ဘာတစ်ဝန်း ကြိုးပမ်းမှုများတွင် ပါဝင်ဆောင်ရွက်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လှူဒါန်းခြင်းကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

 

တောင်ကိုရီးယားနိုင်ငံသည် လက်ရှိတွင် နိုင်ငံအတွင်းရှိ လူဦးရေစုစုပေါင်း၏ ၇၇ ဒသမ ၉ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီး ဖြစ်ကြောင်းနှင့် ၅၉ ဒသမ ၆ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အလင်းသစ်