တောင်ကိုရီးယား၌ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၇၃ ဒသမ ၂ ရာခိုင်နှုန်းရှိ

ဆိုးလ် အောက်တိုဘာ ၃၀

တောင်ကိုရီးယားနိုင်ငံ၌ အောက်တိုဘာ ၂၈ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၁၂၄ ဦး တိုးလာပြီးနောက် စုစုပေါင်းကိုဗစ်-၁၉ | ကူးစက်ဖြစ်ပွားသူ ၃၆၀၅၃၆ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။

နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ယခင်ရက်ကထက် ၂၁၁၁ ဦး တိုးလာခဲ့သည်။ ဇူလိုင် ၇ ရက်မှစကာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၀၀၀ အထက်ရှိခဲ့သည်မှာရက်ပေါင်း ၁၁၅ ရက် ဆက်တိုက် ရှိလာပြီဖြစ်သည်။

မကြာသေးမီက မြင့်တက်လာသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည် ဆိုးလ်ဒေသ၏ ကိုဗစ်-၁၉ အစုလိုက်ကူးစက်ဖြစ်ပွားမှုကြောင့်ဖြစ်ကြောင်း သိရသည်။

ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ကူးစက်ဖြစ်ပွားသူ များအနက် ၇၆၉ ဦးမှာ ဆိုးလ်ဒေသခံများဖြစ်ကာ ၇၅၃ ဦးမှာ ချီဂီပြည်နယ်မှဖြစ်ပြီး ၁၃၀ မှာ အင်ချွန်မှ ဖြစ်သည်။

မြို့တော်မဟုတ်သည့်နေရာဒေသများတွင်လည်း ကိုဗစ်-၁၉ ဆက်လက်ကူးစက်ပြန့်ပွားလျက်ရှိပြီး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားသူ ၄၄၂ ဦး သို့မဟုတ် ၂၁ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။

ကိုဗစ်-၁၉ ကြောင့် ၉ ဦး ထပ်မံသေဆုံးခဲ့သော ကြောင့် စုစုပေါင်း သေဆုံးသူ ၂၈၁၇ ဦးအထိ ရောက်ရှိ လာခဲ့ပြီး သေဆုံးနှုန်းမှာ ၀ ဒသမ ၇၈ ရာခိုင်နှုန်း ရှိသည်။

အပြည့်အဝ နာလန်ထူလာပြီးနောက် သတ်မှတ် စောင့်ကြည့်စင်တာမှ ဆင်းလာသူ ၂၁၄၂ ဦးအပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ မှ ပြန်လည်ကောင်းမွန်လာသူ ၃၃၂၉၉၅ ဦးအထိ ရှိလာပြီဖြစ်သည်။ စုစုပေါင်း ပြန်လည်ကျန်းမာနာလန်ထူလာသူနှုန်းမှာ ၉၂ ဒသမ ၃၆ ရာခိုင်နှုန်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၆ ရက်တွင် အစုလိုက် ကာကွယ်ဆေးထိုးမှုများ စတင်ပြုလုပ်ခဲ့ရာ ယခုအချိန်တွင် လူပေါင်း ၄၁၀၃၅၈၉၇ ဦး စုစုပေါင်း နိုင်ငံ့လူဦးရေ၏ ၇၉ ဒသမ၉ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခဲ့ပြီး ဖြစ်သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသူပေါင်း ၃၇၅၉၃၄၆၂ ဦး သို့မဟုတ် ၇၃ ဒသမ ၂ ရာခိုင်နှုန်းရှိပြီဖြစ်သည်။

ဆင်ဟွာ