တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၂၀၇၄၃ ဦး ထပ်မံတွေ့ရှိ

မတ် ၃၁

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၂၀၇၄၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၁၃၀၉၅၆၃၁ ဦး အထိ မြင့်တက်လာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

 

ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေသည် ပြီးခဲ့သည့်နေ့က ကူးစက်ဖြစ်ပွားသူ ၄၂၄၆၄၁ ဦးရှိခဲ့ရာမှ ကူးစက်သူအရေအတွက်လျော့ကျလာခြင်း ဖြစ်သည်။

 

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ဆိုးလ်ဒေသတွင် ၆၀၁၃၁ ဦး၊ ဂျောင်ဂီပြည်နယ်တွင် ၈၄၆၅၇ ဦးနှင့် အင်ချွန်ဆိပ်ကမ်းမြို့တွင် ၁၈၁၂၈ ဦးတို့ တွေ့ရှိခဲ့သည်။

 

ပြည်ပမှပြန်ရောက်လာသူ ၃၁၀၅၉ ဦးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဖြစ်ပွားခဲ့သည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၃၇၅ ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၆၂၃၀ ဦး ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှစ်ကြိမ်ထိုးနှံပြီးသူ ၄၄၄၈၄၇၂၅ ဦးရှိပြီး ၃၂၇၁၄၉၅၁ ဦးသည် ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီး ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို