ဆိုးလ် ဇွန် ၃
တောင်ကိုရီးယားနိုင်ငံ၌ ပြီးခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ ၁၂၅၄၂ ဦး ထပ်မံတွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၁၄၁၈၃၅ ဦးရှိလာကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ယနေ့ပြောကြားသည်။
နိုင်ငံအတွင်း မတ်လလယ်က အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကြောင့် ကိုဗစ်-၁၉ရောဂါကူးစက်မှုများ မြင့်တက်လာခဲ့ရာမှ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ စနစ်ကျစွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် နေ့စဉ်ကိုဗစ်-၁၉ရောဂါကူးစက်မှုများ ပြန်လည် ကျဆင်းခဲ့သည်။
လက်ရှိအချိန်၌ ပြည်ပမှ ပြန်လည်ရောက်ရှိလာ သူ ၃၂၉၂၅ ဦး၌ ကိုဗစ်-၁၉ရောဂါကူးစက်ခံရကြောင်း တွေ့ရှိခဲ့သည်။ ထို့ပြင် နိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ကြောင့် သေဆုံးသူ ၂၄၂၂၉ ဦးရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ